Chapter (29)

1.1K 231 4
                                    



" မင်း‌ရောစားချင်လို့လား? "

လုချုံဟာသူ၏ သူ့ကြောင်ကြီးကို စိတ်ဝင်တစားဖြင့်စနောက်လိုက်သည်။

" မြောင် "

ကြောင်ကြီးသည် သူ့လက်ကိုရိုက်ထုတ်လိုက်ရင်း ခေါင်းစောင်းကာ လော့၀မ်ချန်ကို မျှော်လင့်တကြီး ကြည့်လာသည်။

" မရဘူး "

လော့၀မ်ချန်က ပြုံးလိုက်ရင်း သူမကို ကောက်ချီလိုက်သည်။

" မင်း ခုနကပဲ တစ်ပန်းကန်စားပြီးပြီ။အဲ့ထက်ပိုစားရင် အင့်သွားလိမ့်မယ်။ မင်းခန္ဓာကိုယ်ပေါ်က အသားတွေကို ကြည့်စမ်းပါဦး "

သူက ဖောင်းကားနေသော ကြောင်ကြီး၏ မေးစေ့ကို ကုတ်ပေးလိုက်ရာ လက်ဖြင့် ပြန်အပုတ်ခံလိုက်ရသည်။

" လူကြီးမင်း မြည်းကြည့်ပါဦး၊ အရသာမကောင်းဘူးလို့ထင်ရင် ကျွန်တော်ပြန်ပြင်ပေးပါမယ် "

လော့၀မ်ချန်သည် တောက်ပသောမျက်လုံးများဖြင့် သူ့ကိုကြည့်နေတာကြောင့် လုချုံ အနည်းငယ်စိတ်ဖိစီးသွားရသည်။ သူ့ရှေ့ကလူငယ်လေးဟာ သူ့မျက်လုံးတွေက ကြောင်ကြီး၏ မျက်ဝန်းနှင့် အတူတူဖြစ်နေသည်ကို မသိပါချေ။ ခဏမျှတုံ့နေပြီးမှ လုချုံက တူကို ကောက်ကိုင်လိုက်သည်။

လော့၀မ်ချန်က အလောတကြီးပြောလိုက်၏။

" ဟင်းရည်အရင်သောက်ဦးလေ။ခေါက်ဆွဲမစားခင်မှာ ဟင်းရည်ကိုအရင်သောက်ရမယ်လေ "

လုချုံကပြုံးပြီး ဇွန်းကိုကောက်ကိုင်ကာ ခေါက်ဆွဲအရည်ကိုတစ်ဇွန်း သောက်လိုက်သည်။

မထင်မှတ်ထားစွာပင် အရသာရှိလှ၏။ တစ်နေကုန် ပင်ပန်းဆင်းရဲကာ ဆာလောင်ခံနေခဲ့ရသောဗိုက်က ချက်ချင်းပင် သက်တောင့်သက်သာ ဖြစ်သွားကာ စိတ်ကျေနပ်သည့် အသံတောင် ထွက်လုနီးပါး ဖြစ်သွားသည်။

လုချုံမျက်လုံးပင့်ပြီး သူ့ရှေ့ကလူငယ်လေးကို ကြည့်လိုက်သည်။

" မင်းခေါက်ဆွဲလုပ်တာပထမဆုံးအကြိမ်လား? "

" အဲ့လိုပြောမရပေမဲ့ ကျွန်တော်တစ်နေ့လည်ခင်းလုံး လေ့ကျင့်နေခဲ့တာ "

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now