Chapter 61

623 134 3
                                    

ကားက လင်းလိုက် မှောင်လိုက်ဖြင့် တစ်ပတ်ပြီးတစ်ပါတ်လည်ကာ အရာအားလုံးကဖရိုဖရဲဖြစ်နေခဲ့သည်။ သို့ငြား လုချုံ၏အာရုံအလုံးစုံကမူ စူးစိုက်သွားကာ သူ၏အတိတ်က တချို့အရာတွေကို သတိရသွားခဲ့လေသည်။

ပြောရလျှင်တော့ ယခင်ကဝေဝါးနေခဲ့သော အရာတွေဟာ ဤအခိုက်အတန့်မှာပင် သူ့စိတ်ထဲမှာ ထင်ရှားလာပြီး ကြည်လင်လာခဲ့ခြင်းပါပေ။

ဆယ်နှစ်အကြာတွင် ပြန်လည်ဆုံတွေ့ကြဖို့ သဘောတူညီချက်ရရှိလိုက်ချိန်၌ လူငယ်လေးဟာ သူ့ထက်ပိုပျော်နေပုံရပြီး ထိုင်တောင်မထိုင်နိုင်တော့သည့်အထိ စိတ်လှုပ်ရှားနေခဲ့သည်။ သူကထပ်ခါတလဲလဲအတည်ပြုနေ၏။

" မင်းသဘောတူလိုက်ကတည်းက ငါ့ကိုမေ့လို့မရဘူးနော်။ ငါ့ကိုပဲစောင့်နေရမယ်။ မင်းသဘောလိုက်ကတည်းက တခြားသူတွေကိုလည်းကြိုက်လို့မရတော့ဘူး။ မင်းရဲ့ကတိကိုတည်ရမယ်နော်"

ဆယ်ကျော်သက်ကလေး၏ စိတ်လှုပ်ရှားမှုတွေက သူ့ဆီကူးစက်လာသည်မို့ ထပ်‌ပြောကြည့်လိုက်သည်။

"မင်းရဲ့လိပ်စာကို ငါ့ကိုပြောပြလို့မရဘူးလား အဲ့တာဆိုငါမင်းကိုလာရှာလို့ရတယ်လေ"

"ငါတကယ်ပြောပြလို့မရဘူး"

"အဲ့တာဆို မင်းရဲ့နာမည်အရင်းကိုတော့ ပြောပြသင့်တယ်မလား"

"အဟမ်း ဒါက.... မင်းနာမည်က ကျိုတင်းဆိုတော့ ငါက ပါးကောပေါ့။ မလိုက်ဖက်ဘူးလား!

(ကျို=9 , ပါး =8)

သူ ဆယ်ကျော်သက်လေးကို မျက်နှာသေဖြင့်ကြည့်လိုက်သည်။

"အိုင်း... ကောင်းပြီ အဲ့တာဆိုငါမင်းကိုပြောပြမယ်"

လူငယ်လေးက အတော်ကြာအောင် ဘာသာ ရေရွတ်နေပြီးနောက် တစ်စုံတစ်ခုကို မပီမသပြောလာသည်။

သူ ရှင်းရှင်းလင်းလင်း မကြားရတာကြောင့် ချီတုံချတုံဖြင့် ထပ်ပြောလိုက်သည်။

"ချုံချုံလား"

(虫 ~ ချုံ ~ ပိုးကောင်)

"ဟုတ်တယ် ဟုတ်တယ်၊ ပိုးကောင်! မင်းကြားတာမှန်တယ်!"

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now