Chapter 53 + 54

760 132 2
                                    

Chapter (53)

ဝေရှင်းဟန်သည်အခြေအနေကို မသိသေးပေ။ သူချက်ချင်းထပြီး လော့ဝမ်ချန်ကို လည်ပင်းညှစ်ရန် ကြိုးစားလိုက်သည်။

လုချုံ ကျော်တက်လာပြီး သူ့ကိုဖမ်းဆွဲကာထိုးလေတော့သည်။

ဗိုက်ကိုလာထိုးသည့် အနှီထိုးချက်သည် လော့ဝမ်ချန်၏ယခင်ကထိုးချက်နှင့် ကန်ချက်တွေအားလုံးထက် ပိုသေစေနိုင်သည်။ သွေးထွက်နေပြီဖြစ်သော ဝေ့ရှင်းဟန်သည် သူ့ဗိုက်ကိုထိုးဖောက်ခံလိုက်ရသလို ခံစားလိုက်ရပြီး သတိလစ်လုနီးပါးဖြစ်သွားသည်။

လုချုံ သူ့ကိုလွှတ်ချပစ်ရင်း လော့ဝမ်ချန်ကို သေသေချာချာကြည့်ဖို့ ဒူးတစ်ဖက်ထောက်လိုက်သည်။

"လူကြီးမင်း?" လော့ဝမ်ချန် သူ့ရှေ့ကလူကို တအံ့တသြကြည့်ကာ ထရန်ကြိုးစားလိုက်၏။

လုချုံက သူ့ကို ဂရုတစိုက်ဖြင့်ကူညီပေးကာ

"မင်းဘယ်နားမှာဒဏ်ရာရသွားသေးလဲ?"

"ဒါက အပေါ်ယံဒဏ်ရာတွေပါပဲ... အ့!" လော့ဝမ်ချန်သည် သူ၏ ညာလက်ကို ကျောအနောက်ဘက်ကနေ ပုံမှန်အနေအထားသို့ ဖြည်းညင်းစွာ ဆန့်တန်းလိုက်သည်။

လုချုံ၏မျက်နှာ၌ မကျေနပ်မှုရှိသော်လည်း သည်နေရာမှာတော့ ဘာမျှမပြောချေ။

"ပြန်သွားပြီးမှဒီအကြောင်းပြောကြရအောင်"

သူလော့ဝမ်ချန်ကို ထူမပေးပြီးသည်နှင့် အပြင်မှာ ကြည့်ရှုနေကြသည့်အုပ်စုကို လော့ဝမ်ချန်က ပြုံးလျက်ပြောလိုက်သည်။

"လူတိုင်းရဲ့ အပျော်တွေပျက်ဆီးသွားရတဲ့အတွက်တောင်းပန်ပါတယ်။ ကျွန်တော် မင်းတို့ကိုနောက်ရက်မှ ဒီအစားပြန်ဧည့်ခံပေးပါ့မယ်"

ဘယ်သူကဘာပြန်ပြောရဲပါ့မလဲ။ လုချုံရဲ့ မျက်နှာ​ပေးနဲ့တင် သူတို့တွေ ဘောင်းဘီထဲ သေးထွက်ချမတက်ဖြစ်နေပြီလေ ဟုတ်ပြီလား။

ထို့ကြောင့် သူတို့ဟာ လော့ဝမ်ချန်ကို ဆေးရုံကိုသာ အရင်သွားဖို့ မြန်မြန်ပြောလိုက်ကြတော့သည်။

သူတို့နှစ်ယောက် ထွက်သွားပြီးနောက် အားလုံးက အိမ်သာထဲကကြမ်းပြင်ပေါ်မှာ သေတစ်ဝက်ဖြစ်နေသော ဝေ့ရှင်းဟန်အား ဘာလုပ်မှာလဲဆိုတာကို သိချင်နေကြသည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now