Chapter 67

741 125 3
                                    

မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန...

မြေအောက် စမ်းသပ်ခန်းတွင်ဖြစ်သည်။

လော့ဝမ်ချန်သည် ဤနေရာ၌ နှစ်လမျှ အပိတ်ခံထားရသည်။

သူ၏ဆယ့်ငါးနှစ်အရွယ် မှတ်ဉာဏ်များပြန်ရလာပြီးနောက် သတိမေ့နေသော လက်ရှိခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာသည်။ သို့သော် သူသည် အလွန်အားနည်းနေကာ နိုးသည် ဆိုရုံလေးသာ ဖြစ်၏။

စနစ်ပြောသည်က ဤသို့ဖြစ်ရခြင်းမှာ သူဟာ သေဆုံးသွားပြီဖြစ်ပြီး ဖန်းပုသယ် တစ်နည်း ပရော်ဖက်ဆာ ဒီလန်က သူ့အားကယ်တင်ရန်အတွက် နှလုံးထဲ၌ ကိရိယာအသေးလေးတစ်ခု စိုက်ထားခြင်းကြောင့် ဖြစ်ပေသည်။ ဤသည်က စမ်းသပ်ဆဲအခြေအနေဖြစ်ခြင်းကြောင့် သူ့ကျန်းမာရေးအခြေအနေကို လုံးဝတည်ငြိမ်စေသည်တော့မဟုတ်ချေ။

လော့ဝမ်ချန်က ထိုလူရူးကြီးသည် သူ့အား ဘယ်အတွက်ကြောင့် အသက်ဆက်စေသည်အား မေးကြည့်လိုက်သည်။ စနစ်က ပရော်ဖက်ဆာ ဒီလန်၏ အစီအစဥ်အားပြောပြလာပြီး ထပ်ပေါင်းပြောလာသေးသည်။

''စိတ်မပူပါနဲ့။ သူ့နည်းလမ်းတွေက မင်းအပေါ်မှာ အလုပ်မဖြစ်ပါဘူး''

ပရော်ဖက်ဆာ ဒီလန်၏ နည်းလမ်းများက လူမှုအသိုင်းအဝိုင်း၏ ထိပ်၌ ရှိသည်ဆိုလျှင် စနစ်၏ နည်းလမ်းများကမူ လူ့အဖွဲ့အစည်းကမ္ဘာ၏ ထိပ်ဆုံးမှာရှိနေတာဖြစ်သည်။ လော့ဝမ်ချန်၏ ခံစားချက်များကို စနစ်က ယူဆောင်သွားပြီဖြစ်ရာ ဤအရူးပရော်ဖက်ဆာက ဒါနှင့်ပတ်သက်ပြီး ဘယ်မှာ ကြိုးစား၍ ရနိုင်တော့မည်နည်း။

ထိုအရူးလုပ်နိုင်တာဟူ၍ လော့ဝမ်ချန်၏ခန္ဓာကိုယ်ကို ပေါက်ကရလုပ်နိုင်ရုံသာ။

သို့သော်လည်း လော့ဝမ်ချန်သည် သူ၏ထိန်းချုပ်မှုအောက်၌ ရှိမနေတာကို မသိချေ။ အကောင်းဆုံးအစမ်းသပ်ခံအရာ ဖြစ်မလာတာမဆိုထားနှင့်ဦးသူ့နည်းလမ်းတွေကို မတုံ့ပြန်ဘူးဆိုတာသာ သိသွားပါက ပရော်ဖက်ဆာဒီလန်ဟာ သူ့အပေါ် လက်လျော့လိုက်မည်ဖြစ်ရာ သူသေသွားနိုင်သည်။

ထို့ကြောင့် လော့ဝမ်ချန်ဟန်ဆောင်ဖို့ လိုလေသည်။ သူဟာ လူအိုကြီးက သူ့ကိုဖြစ်စေချင်သည့်အတိုင်း ဟန်ဆောင် ပန်ဆောင်နေပေးလိုက်တော့၏။ ထိုအတော်အတွင်း၌ သူ့ခန္ဓာကိုယ်က ကောင်းလာသည်နှင့် တစ်ဖက်လူက စမ်းသပ်ဖို့ ဆွဲခေါ်တော့သည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now