Chapter (27)

2.2K 284 4
                                    

ဧည့်ခန်းထဲ ရပ်ကျန်နေခဲ့ရသော လော့ဝမ်ကျွင်းသည် ကြက်သေသေလျက်သားဖြင့် လော့ဝမ်ဟောင်ထံ ဘာလုပ်၍ဘာကိုင်ရမည်မှန်း မသိစွာ ကြည့်လိုက်သည်။

သူတောင်းပန်ပြီးသွားပြီလေ။ အခုကဘာတုန်း

သူသည် အောက်နှုတ်ခမ်းအားဖိကိုက်လိုက်ကာ အရှက်ခွဲခံလိုက်ရသလိုမျိုး လုချုံထံ ကူကယ်ရာမဲ့စွာ လှမ်းကြည့်လိုက်သည်။ သို့သော်လည်း လုချုံကမူ ခေါင်းငုံ့၍ ကော်ဖီကိုသာ တိတ်တဆိတ် ဆက်သောက်နေပြီး သူ့ထံ ကြည့်ပင်ကြည့်မလာခဲ့ချေ။

လော့ဝမ်ကျွင်း အနည်းငယ်စိတ်ပျက်သွားလေသည်။

လော့ဝမ်ဟောင် ဒီငတုံး၏ခေါင်းကို သည်တိုင်း ဆွဲသာဖြုတ်ပစ်လိုက်ချင်တော့သည်။

''နောက်ကလိုက်သွားပြီး မတောင်းပန်သေးဘူးလား!"

''တကော ......''

သူတောင်းပန်ပြီးပြီလေ။ ထပ်ပြီးတောင်းပန်ရဦးမှာတဲ့လား။ လွန်လွန်းအား မကြီးဘူးလား။

လုချုံသည် နောက်ဆုံး၌ ကော်ဖီခွက်ကို ချလိုက်ပြီး လက်ကိုင်ပဝါကို ကောက်ကိုင်ကာနှုတ်ခမ်းထောင့်ကို သုတ်လိုက်သည်။

''လူကြီးမင်းလော့ ပြောတာက စီးပွားရေးကိစ္စဆွေးနွေးစရာရှိပေါ့"

''ဟုတ်ပါတယ်....ဟုတ်ပါတယ်....!''

လော့ဝမ်ဟောင်က အလျင်စလိုပြောလိုက်၏။

လော့ဝမ်ကျွင်းကလည်း ဝင်ပြောလိုက်သည်။

''ဟုတ်ပါတယ်။ အဓိကအချက်ကိုပြောကြတာပေါ့ ။ ကျွန်တော်တို့တွေ စာကြည့်ခန်းထဲမှာပြောရင် မကောင်းဘူးလား"

လုချုံက ဒါ သူ့ကိုကူညီလိုက်တာပဲ။ ဟုတ်တယ်မလား။ဒီလိုဆို အဓိပ္ပါယ်က.....။

လုချုံက ထရပ်လိုက်ရင်း ဧည့်ခန်းထဲက လှမ်းထွက်သွားလိုက်၏။

လော့ဝမ်ကျွင်းသည် သူ့အကြံပေးချက်ကို လုချုံ လက်ခံလိုက်ပြီဟု တွေးကာ အလွန်ပင်စိတ်လှုပ်ရှားသံားသည်။သူ နောက်ကလိုက်ဖို့ ဟန်ပြင်လိုက်ပေမဲ့ လက်တစ်ဖက်က ဆန့်တန်းလာ၍ သူ့ကို တားလာမည်ကိုတော့ မထင်ထားခဲ့ပေ။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now