Chapter (37)

1K 181 0
                                    

လော့၀မ်ချန် မျက်လုံးများကိုမှိတ်ကာ အသက်ပြင်းပြင်းရှု၍ လော့၀မ်ဟောင်၏ သိမ်ဖျင်းကာ ညစ်ညမ်းသောအဓိပ္ပါယ်များ ပါဝင်နေသည့်စကားလုံးများကို လျစ်လျူရှုပစ်လိုက်သည်။ တချို့အရာတွေက ရှင်းပြဖို့မလိုသလို ရှင်းပြဖို့လည်း မလိုအပ်ပေ။

“ အရင်လွှတ်ပေး! “

လော့၀မ်ဟောင် လက်ကိုမြှောက်လိုက်တော့ လော့၀မ်ချန်ကို နောက်ကနေချုပ်ကိုင်ထားသည့် လူသန်ကြီးနှစ်ယောက်က သူ့ကိုလွှတ်ပေးလာသည်။ လော့၀မ်ချန် ခပ်ဖြည်းဖြည်း ကိုယ်ပြန်မတ်ကာ ညာဘက်ပခုံးကို ပွတ်သပ်လိုက်သည်။ နာကျင်မှု အရိပ်အယောင်က သူ့မျက်နှာပေါ်မှာ ဖြတ်ပြေးသွား၏။ ထို့နောက်မှာမှ သူက လော့၀မ်ဟောင်ကို အေးစက်စွာကြည့်လိုက်ရင်း

 “ ငါ့ဆီကနေ စောက်ကျိုးနည်းဘာကိုလိုချင်နေတာလဲ  “

“ ညီကောင်းလေးဘက်က ကူညီပေးဖို့ပဲပေါ့ “

လော့၀မ်ဟောင် ပြုံးလိုက်သော်လည်း သူ့မျက်လုံးများက မှုန်ကုပ်ကုပ်ပင်။ သည်ရက်တွေမှာ သူပျော်မနေဘူးဆိုတာ သိသာလှသည်။ သူ့မျက်လုံးအောက်၌ မျက်ကွင်းညိုများရှိနေလေသည်။ ပုံရိပ်ကို အမြဲဂရုစိုက်တတ်သောလူ ဖြစ်ပေမဲ့ အခုချိန်မှာတော့ မေးစေ့၌ မုတ်ဆိတ်ငုတ်တိုတွေ ရှိနေကာ အဝတ်အစားတွေကလည်း တွန့်ကြေနေသည်။

“ မင်းက လုချုံအနားမှာ ကောင်းကောင်းနေ ကောင်းကောင်းစားပြီး ဘာမှကိုစိတ်ပူစရာမရှိဘူးလေ။ ဒီတော့ မင်းရဲ့အစ်ကိုကြီးကို မကူညီသင့်ဘူးလား"

လော့၀မ်ချန် မျက်လွှာချလိုက်ရင်း

"ငါ့ဘက်က လုပ်ချင်စိတ်မရှိဘူးဆိုတာ ပြောစရာတောင်မလိုဘူး။ အေး လုပ်ပေးချင်ရင်တောင် လုချုံအနားက ငါ့ရဲ့အရေးပါမှုကို မင်းအထင်ကြီးလွန်းနေပြီ" 

“ မင်းဘာမှလုပ်စရာမလိုဘူး။ ငါမင်းကိုလာခေါ်ရင် ထွက်လာပြီး ငါနဲ့အတူတူထမင်းစားပေးရုံပဲ။ ပြီးရင် လုချုံဆီမှာ ငါ့အကြောင်း စကားအကောင်းနည်းနည်းပါးပါး ပြောလိုက်ပေါ့"

လော့၀မ်ဟောင် အသံက ဖြားယောင်းဟန်နှင့်အတူ မေတ္တာရပ်ခံလိုဟန်ဖြင့်

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now