Chapter 69

450 80 1
                                    



လော့၀မ်ချန် ရောက်လာချိန်၌လုချုံသည် လသာဆောင်တွင် စောင့်နေခဲ့လေ၏။ လသာဆောင်ကို မှန်ဖြင့်ကာထားပြီး လေအေးပေးစက်ကြောင့် သက်တောင့်သက်သာရှိစွာ ပူနွေးနေသည်။

နှစ်ခွက်မျှသောက်ပြီးနောက် လုချုံက အပြင်ခဏထွက်သွားသည်။ လော့၀မ်ချန်သည် အခွင့်အရေးကို အရယူ၍ သူ့အခန်းထဲတွင် ကင်မရာသုံးလုံးတပ်လိုက်သည်။လုချုံပြန်လာချိန်၌ သူဟာဘာမျှမလုပ်သလို ဟန်ဆောင်ပြလိုက်သည်။ တကယ်တော့ သူတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်နှင့် အားလုံးကိုနားလည်ကြလေသည်။

လော့၀မ်ချန်က နှုတ်ဆက်ဖို့အတွက်ထလိုက်သော်လည်း ရုတ်တရက် လုချုံက သူ၏လက်ကို လှမ်းဆွဲလာလေသည်။

" ဒီညဒီမှာပဲနေတော့"

လော့၀မ်ချန်သည် ခဏလောက်အေးခဲသွားပြီး ရှက်ရွံကာ ပြာယာခပ်သွားသောလေသံဖြင့် ပြောလိုက်၏။

"ခင်ဗျားဘာတွေပြောနေတာလဲ"

သို့ငြား သူကင်မရာကိုကျောပေးရင်း လုချုံကို တိတ်တဆိတ်အကြည့်ပေးလိုက်သည်။ အခန်းထဲမှာကင်မရာတွေရှိတာကို ဒီလူသိရဲ့သားနဲ့။

လုချုံကရယ်ရင်းသူ့ခေါင်းကိုပွတ်သပ်ပေးလာသည်။

"ကိုယ်နဲ့ အိပ်ပေး။ဒီရက်တွေအတွင်းမှာ မင်းကိုလိုက်ရှာနေတာကြောင့် ကိုယ်ကောင်းကောင်းမအိပ်ရသေးဘူး။ အဲ့တာအတွက် မင်းကိုယ့်ကိုအကြွေးပြန်‌ပေးသင့်တယ်မဟုတ်လား"

လုချုံကသူ၏လက်ချောင်းတွေကိုညင်သာစွာဆွဲထား၏။ အခြားအချိန်တွေမှာဆိုလျှင် သူတို့နှစ်ယောက်ဆက်သွယ်ဖို့က အလွန်ခက်ခဲပြီးအန္တရာယ်များသည်။ သို့ရာတွင် ကားထဲတုန်းကစောင်အောက်မှာလိုမျိုး တစ်ခုခုနှင့်ဖုံးကွယ်နေလျှင်တော့ ဆက်သွယ်ရတာ ပိုအဆင်ပြေသွားသည်။ သူတို့ဘာလုပ်နေကြလဲဆိုတာ ကင်မရာတွေကမြင်ရတော့မည်မ‌ဟုတ်ချေ။

လော့၀မ်ချန်ခေါင်းကိုငုံ့လိုက်ပြီး ရှက်ရွံဟန်ဖြင့် အဖြေပေးလိုက်၏။

"ကောင်းပြီလေ"

လုချုံက ရေသွားချိုးပြီးနောက် ပြန်ထွက်လာသည်။ ထို့နောက် နှစ်ယောက်သား ကုတင်ပေါ်တွင် လှဲပြီးနောက်မီးပိတ်လိုက်ကြသည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now