သူ့အရွယ်ကောင်လေးတစ်ယောက်၏ သည်လိုအပြုအမူမျိုးက လူတွေကို အတွေးမှားစေနိုင်ပေမဲ့ လုချုံကတော့ ထိုအဓိပ္ပါယ်မဟုတ်ဘူးဆိုတာကိုသိနေသည်။"သူအခုထိမပြောပြသေးဘူး"
လုချုံ သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်သည်
သူ့ဘေးမှာထိုင်နေသည့် ဒေါက်တာ၀မ်ကတော့ သူ၏ကိုယ်ရေးကိုယ်တာ ဆရာဝန်ဖြစ်သည်။ ဤအခိုက်အတန့်၌ ဒေါက်တာ၀မ်သည် သူ၏ဆေးမှတ်တမ်းကိုချလိုက်ပြီး မျက်မှန်ကိုချွတ်ကာ လုချုံကိုပြောလိုက်သည်။
"လူကြီးမင်း၊ သူရဲ့ဆေးမှတ်တမ်းတွေ၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေနှင့် စစ်ဆေးမှုအမျိုးမျိုး ရလဒ်တွေကိုအခြေခံရရင် ရောဂါဖြစ်တာလို့တော့ကျွန်တော်မထင်ဘူး"
ယခုတစ်ကြိမ်တွင် လော့၀မ်ချန် သတိထားပြီးခုခံမည်ကိုစိုးတာကြောင့် လုချုံသည်သူ့အား မည်သည့်ခန္ဓာကိုယ် စစ်ဆေးမှုကိုမှခံယူရန်မစီစဉ်ခဲ့ပေ။ သို့သော်လည်း သူနောက်ဆုံးအခေါက် ဆေးရုံတက်သည့်အချိန်မှာတုန်းက သွေးပြွန်အများအပြားထုတ်ယူခံခဲ့ရကာ အမျိုးမျိုးစစ်ဆေးချက်တွေ လုပ်ခဲ့ပြီးပြီဖြစ်သည်။
အရာအားလုံးကပုံမှန်ပင်။ ကျန်းမာနေပြီး ရလဒ်တွေကလည်း အကောင်းဆုံးဆိုတာကို ပြနေသည်။
ဘယ်လိုပဲကြည့်ကြည့် လော့၀မ်ချန်ဟာ ချုချာဖျားနာနေသည့်ပုံ ပေါက်မနေပေ။
တစ်ချိန်တည်းမှာပင် လုချုံသည် လော့၀မ်ချန်၏အဆောင်ကို သွားကာစုံစမ်းခဲ့၏။ သူ့အခန်းဖော် သုံးယောက်ဆီကနေလည်း သဲလွန်စတွေရခဲ့လေသည်။
ခွဲစိတ်ကုသသည့်ညက အခြေအနေဟာ တကယ့်ကို မတော်တဆဖြစ်ခဲ့တာမဟုတ်ဘဲ နေ့စဉ်နှင့်အမျှ ဖြစ်လေ့ဖြစ်ထရှိနေခဲ့တာဖြစ်သည်။
ပြင်းထန်စွာနာကျင်ခြင်း၊ ချွေးအလွန်ထွက်ခြင်းတို့သည် ညသန်းခေါင်မှာ စတင်ဖြစ်ပေါ်လာကြပြီး မိနစ်နှစ်ဆယ်ထက်ပိုကြာနိုင်သည်။
ညတိုင်းပင်။
သို့သော် ထိုကဲ့သို့သော လက္ခဏာပြသည့် ရောဂါမျိုး မရှိပါချေ။
YOU ARE READING
ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]
Romanceစာရေးသူ : ရှီးသချင် Genre: Drama Fantasy Psychological Romance Shounen Ai Supernatural All are belong to original author. Also picture credits to original owner.