Chapter (36)

1.9K 290 8
                                    


လော့၀မ်ချန် ခဏမျှကြောင်အမ်းသွားပြီးမှ ဖုန်းစခရင်ကို တစ်ချက်ပြန်ကြည့်လိုက်သည်။ ဗီလာ၏ကြိုးဖုန်းပါပင်။ ခါတိုင်းဆိုဦးလေးတင်းပဲကိုင်နေကြပင်။ ဒီတစ်ခါကျမှ ဘယ်လိုဖြစ်ပြီး........

“ လူကြီးမင်းအိမ်မှာလား? “

“ အင်း “

“ ကျွန်တော် ဒိတ်လုပ်တာမဟုတ်ပါဘူး။ဟိုဟာ.. ကျွန်တော့်ကို ရည်းစားစာပေးဖို့အတွက် အဝတ်အစားတွေကိုတောင် သုံးခါပြောင်းခဲ့တဲ့ မိန်းကလေးတစ်ယောက်ရှိတယ်။သူ ကျွန်တော့်အပေါ် အချိန်မဖြုန်းဖို့ သူ့ကိုရှင်းရှင်းလင်းလင်းပြောပြရမယ်ထင်လို့ပါ…. ”

လော့၀မ်ချန် အနေရခက်စွာ ရှင်းပြလိုက်ပြီးမှ အဓိကအချက်ကို ဖမ်းဆုပ်မိသွားသည်။

 “ လူကြီးမင်းအဲ့တာကို ဘယ်လိုလုပ်သိတာလဲ? ”

“ တစ်ယောက်ယောက်ကပြောခဲ့တာ “

 လုချုံကအတိုချုံးရှင်းပြလာသည်။

 “ လူငယ်ဘဝဆိုတာ အရွယ်ကောင်းပဲ။ ချစ်တာကြိုက်တာ ဘာမှမဖြစ်ဘူး။ တစ်ယောက်ယောက်က တစ်ခုခုပြောလာလဲ အာရုံစိုက်မနေနဲ့"

လော့၀မ်ချန် အနည်းငယ် လန့်သွားပြီးမှ တိုးတိုးလေးပြောလိုက်သည်။

“ ဟုတ်ကဲ့၊ ဒါပေမဲ့ အခုတော့ ကျွန်တော်စာသင်ဖို့ပဲ အာရုံစိုက်ချင်တာပါ “

“ အဲ့တာလည်းကောင်းပါတယ် ”

လုချုံကကြင်နာစွာပြောလိုက်သည်။

ထို့နောက် ဖုန်းချသွားလေသည်။

လော့၀မ်ချန် ဖုန်းကိုချလိုက်ပြီးနောက် မျက်နှာသေအမူအရာ ဖြစ်သွား၏။

ကျိန်းသေပေါက်ကို တစ်စုံတစ်ယောက်က သူ၏လှုပ်ရှားမှုတိုင်းကို လုချုံဆီအစီရင်ခံနေတာပင်။ လူများ၏အမြင်၌ သူဟာ လုချုံ၏ အချစ်တော်လေးဖြစ်သည်။

တစ်စုံတစ်ယောက်ဆီမှ ရည်းစားစာယူလာပြီးနောက် လူတိုင်းဟာ မနာလိုမှုကြောင့်သော်လည်းကောင်း၊ ဖားယားချင်၍သော်လည်းကောသ်း လုချုံထံ သေချာပေါက် ပြန်ပြောကြမည်သာ။

သို့ငြား လုချုံကမူ လုံးဝဂရုမစိုက်ဘဲ သူ့ကို ရည်းစားထားဖို့ပင် အားပေးလိုက်သေးသည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now