Chapter (26)

1.2K 214 2
                                    

"ခင်ဗျား ဧည့်သည်တွေကို ကျွန်တော် ဧည့်ခံပေးဖို့က သင့်တော်လို့လား လူကြီးမင်း''

လော့ဝမ်ချန်မှာ အံ့ဩနေလျက်သား။

''မသင့်တော်စရာ ဘာရှိလို့လဲ''

လုချုံကပြော၏။

''သူက မင်းသိတဲ့လူတစ်ယောက်ပါပဲ''

လုချုံဆီလာတဲ့လူက သူ့ကို သိတယ်တဲ့လား။ လုချုံဘက်က ဒါကို တမင်တကာ ထုတ်ပြောလာတယ်ဆိုတော့......။

"မဟုတ်မှ....မဟုတ်မှ လော့ဝမ်ဟောင်လား''

လုချုံအနည်းငယ်အံ့သြသွားလေသည်။

''ဘာလို့များ လော့ဝမ်ဟောင်လို့ တစ်ခါတည်းတွေးမိသွားတာလဲ"

''ခန့်မှန်းကြည့်လိုက်တာပါ"

လော့ဝမ်ချန် သူ၏မျက်လုံးများအား အောက်သို့အကြည့်ရွှေ့လျက် ကြောင်လေးအား ပွတ်သပ်လိုက်သည်။

''အခု ဟိုင်နဥ်မြို့က လူသိများထင်ရှားတဲ့မိသားစုကြီးက လော့မိသားစုလေ။ အခု ခင်ဗျားဆီပထမဆုံး လာလည်တဲ့သခင်ကြီးကလည်း သူတို့ထဲက တစ်ယောက်ပဲ ဖြစ်လိမ့်မယ်။လူကြီးမင်းကလည်း ကျွန်တော်သိတဲ့တစ်ယောက်ယောက်လို့ ပြောလာတော့ လော့မိသားစုကိုပဲ ကျွန်တော်စဥ်းစားမိသွားတာ။''

''အဲ့ဒါနဲ့ပဲ လော့ဝမ်ဟောင်ဖြစ်ရရောလား''

လုချုံက အမေးရှိပြန်သည်။

''ကျွန်တော့် အဖေ......''

လော့ဝမ်ချန် ခဏရပ်လိုက်ပြီးမှ

''လော့ခိုင်းဖန်းက မိသားစုရဲ့ခေါင်းဆောင်ပဲလေ။ သူ့အဆင့်အတန်းသူ သိပ်ကိုဂုဏ်ယူတာ။ ဒီလောက်မြန်မြန်ကြီး သူ့ကိုယ်သူနှိမ့်ချပစ်မှာမဟုတ်ဘူး။ဒီတော့ သူ့သားကြီးကို အလည်သွားခိုင်းလိုက်တာက အသင့်တော်ဆုံးပဲပေါ့"

လုချုံက ပြုံးလေသည်။

"ဒီလို ဥာဏ်ကောင်းသားနဲ့ ဘာလို့များ ကိုယ့်ကိုယ်ကိုယ် နာမည်ပျက်ထွက်အောင် အဆုံးသတ်ပစ်လိုက်ရတာလဲ"

လော့ဝမ်ချန်မှာ အနေရခက်သွားရင်း

''ဒါက ရိုးရှင်းလွန်းတဲ့ ဇာတ်လမ်းဖြစ်လို့ လူတိုင်းတောင်မှ စဥ်းစားတတ်တာပဲဟာ''

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now