အထက်ပါ အီးမေးလ်၌ပါသည်က လော့ဝမ်ချန် ဘာတွေလုပ်နေလဲ၊ ဘယ်လိုအခက်အခဲတွေကြုံနေရလဲ၊ သူ့စိတ်အခြေအနေဘယ်လိုရှိလဲစသည့် တစ်ပတ်စာသတင်းအချက်အလက်တွေပင်။
တစ်ပတ်လျှင် အီးမေးလ်တစ်စောင်လက်ခံနေသော လုချုံသည် ကိုယ့်ကိုယ်ကိုယ်တော့ နှာဘူးတစ်ယောက်ဟု မထင်ပါချေ။ သူဟာ လော့ဝမ်ချန် လုံခြုံတာသေချာစေဖို့သာ သူ့လူတွေကို အနောက်ကလိုက်စေခြင်းဖြစ်သည်။ သို့မှသာ လော့ဝမ်ချန်တစ်ယောက် ဘာမှန်းညာမှန်း မသိရသော အန္တရာယ်တွေနှင့် မကြုံရမှာဖြစ်ပြီး ငွေကြေးအခက်အခဲ၊ စိမ်းသက်နေသည့်နယ်မြေမှာ အသားကျစေမှာ ဖြစ်သည်။
သို့သော်လည်း အပတ်တိုင်းက အီးမေးလ်တွေကိုတော့ သူသေချာဖတ်တာချည်းပင်။
လော့ဝမ်ချန်သည် အလုပ်များပြီးခက်ခဲပင်ပန်းသောဘဝမှာ နေထိုင်ခဲ့ရသည်။ဘဝမှာ အစားအသောက်၊ အဝတ်အစား၊ အမိုးအကာအတွက် ဘယ်တုန်းကမှ မစိုးရိမ်ခဲ့ရသောလူက ယခုတော့နေ့တိုင်း ငွေရဖို့ကြိုးစားနေရရှာပေသည်။
Bartenderအလုပ်၊ ပန်းချီဆွဲသည့်အလုပ်၊ ချက်ပြုတ်သည့်အလုပ် အကုန်လုံးဟာ ပင်ပန်းတာချည်းပင်။
လက်မောင်းကရော ခံနိုင်ရည်ရှိရဲ့လား။
ရောဂါကရော သက်သာရဲ့လား။ဒါမှမဟုတ် ပိုဆိုးလာလေသလား။
လုချုံသူ့နဖူးသူ ပွတ်လိုက်သည်။ အဆုံးမှာတော့ ယခင်ကလိုပင် အကြိမ်ပေါင်းများစွာ စေ့စေ့စပ်စပ် စဉ်းစားပြီးသည့်နောက်တွင် ဝင်စွက်ဖက်ဖို့ မလုပ်ခဲ့။သို့ငြား ကျန်းချီဟွေး ဘယ်နေရာမှာနေနေလဲသိရဖို့ စုံစမ်းတာကိုလုပ်ဖို့တော့ ကျိုးချန်အား လူ၂ယောက်လောက်စီစဥ်ခိုင်းလိုက်သည်။
ဆွေမျိုးတွေကိုရှာတာက ကောင်းပေမဲ့ ဆွေမျိုးတွေကကောင်းသည့်လူမဟုတ်လျှင် သို့မဟုတ် ပြဿနာပေးမည့်လူဖြစ်နေလျှင် ပြင်ဆင်ထားဖို့လိုပေသည်။
လော့၀မ်ချန်သည် M မြို့၌ ရက်ပေါင်းနှစ်ဆယ်ကျော်နေခဲ့၏။ ငွေအလုံအလောက်စုဆောင်းပြီး ပြိုင်ပွဲအတွက် ပုံများကို ပေးပို့ပြီး နောက်ဆုံးမှာတော့ သူထွက်လာခဲ့ပေသည်။
![](https://img.wattpad.com/cover/359321343-288-k926129.jpg)
YOU ARE READING
ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]
Romanceစာရေးသူ : ရှီးသချင် Genre: Drama Fantasy Psychological Romance Shounen Ai Supernatural All are belong to original author. Also picture credits to original owner.