Chapter (34)

1K 192 2
                                    

‘’ဦးလေးတင်း…… ကျွန်တော်အပြင်သွားတယ်လို့ လူကြီးမင်းလုကို ပြောပေးပါဦး’’

ပိတ်ရက် မနက်စောစော၌ လော့ဝမ်ချန်သည် ဆန်းဝှစ်ချ် တစ်ခုကို ကောက်ယူကာ ကြောင်ဖက်တီး၏ခေါင်းအား တစ်ချက်ပုတ်ပြီး ဦးလေးတင်းအား လက်ပြနှုတ်ဆက်၍ ကျောပိုးအိတ်ကြီးတစ်လုံးလွယ်လျက် အပြင်သို့ထွက်လာလိုက်သည်။

‘’မင်း ဒရိုင်ဘာတကယ်မလိုဘူးလား’’

ဦးလေးတင်းက သူ့နောက်က လိုက်မေး၏။

‘’မဟုတ်တာ.....မဟုတ်တာ...ကျွန်တော့်အတန်းဖော်တွေနဲ့ အတူတူ ကားဌားစီးဖို့ ချိန်းထားပြီးသားမို့လို့ပါ’’  

ပြောရင်းဖြင့်လော့ဝမ်ချန်သည် ဗီလာထဲမှထွက်သည့် တံခါးပေါက်မှ ထွက်လာလိုက်သည်။ လေဖောင်းဂျာကင်၏အောက်ရှိ သူ၏ပိန်သွယ်ပြီး ဖြောင့်တန်းနေသော နောက်ကျောသည် ဥယျာဥ်ရှိ အပင်များနောက်၌ လျင်မြန်စွာပျောက်ကွယ်သွားရင်း ခြံဝန်းအပြင်သို့ရောက်သွားလေသည်။

ဦးလေးတင်း ပြုံးရင်းဖြင့် ခေါင်း ခါယမ်းလိုက်ရင်း လှည့်ထွက်ကာ ဧည့်ခန်းဆီသို့ ပြန်လာခဲ့သော် အပေါ်ထပ်မှ ဆင်းလာသည့် လုချုံအား  မြင်သွားလေသည်။

‘’လူကြီးမင်း နိုးပြီပဲ။အားချန် မနက်စာလုပ်ပေးသွားတယ်။ကျွန်တော်အခု ပြင်ပေးရတော့မလား’’

လုချုံက အင်္ကျီလက်ကကြယ်သီးကို တပ်နေသည်။ မျက်နှာထက်၌ ဘာအမူအရာမှ မရှိချေ။

ခေါင်းလျှော်ထားသဖြင့် သူ၏ဆံပင်သည် အနည်းငယ်စိုထိုင်းနေသော်လည်း ခန္ဓာကိုယ်ထက်က အေးစက်ခံ့ညားထည်ဝါမှုတို့ကမူ ပုံမှန်ထပ် လျော့ပါးမနေချေ။ မနက်စာအကြောင်းကြားလိုက်သော် သူ၏မျက်နှာသည် အနည်းငယ် နူးညံ့သွားလေ၏။ သူ အနားတဝိုက်သို့ ဝေ့ဝဲကြည့်လိုက်သော်လည်း တံခါးနား၌ အေးအေးလူလူလဲလျောင်းလျက်ရှိသော ကြောင်ဖက်တီးကိုသာ တွေ့လိုက်ရသည်။

ထိုလူငယ်အား မည်သည့်နေရာ၌မှ မတွေ့ရပေ။

‘’သူ သွားပြီလား။မနက်စောစော ဘာတွေများ ချက်ပြုတ်သွားတာလဲ’’

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now