Chapter 42

3.2K 394 3
                                    


‘’လူကြီးမင်းလု…..လူကြီးမင်းလု!!!’’

လော့ဝမ်ဟောင် မယုံကြည်နိုင်စွာ ဟစ်အော်လိုက်သည်။ သူ့နှာခေါင်းသည်ပြာနှမ်းနေလျက် မျက်နှာသည် ဖူးရောင်နေ၏။အံ့သြထိတ်လန့်နေသည့် အမူအရာက အတော်လေးရယ်ချင်စဖွယ်ဖြစ်နေသည်။

လုချုံကမူ သူ့ကိုစိုက်သာကြည့်နေ၍ လှုပ်ရှားမလာခဲ့ပေ။ 

‘’ခင်ဗျားလုပ်လို့မရဘူး။လုချုံ!!! ဒါက ဥပဒေစိုးမိုးတဲ့နိုင်ငံဗျ’’

လော့ဝမ်ဟောင်သည် လုချုံအတည်ပေါက်ပြောနေမှန်း နောက်ဆုံးတော့ နားလည်သွားပြီဖြစ်သည်။ သူ စိုးရိမ်ပူပန်စွာဖြင့်အော်ဟစ်လိုက်သည်။ အလွန်အမင်း မြိနေမည့်ဓါးကိုကြည့်ရင်း သူ့အာရုံကြောတွေက တဒိတ်ဒိတ်ဆောင့်ခုန်လာလျက်သား။

လုချုံသည် ထိုင်ခုံနောက်မှီ၌ အနည်းငယ်လျောထိုင်ရင်း မျက်နှာကို လက်တစ်ဖက်ဖြင့်ထောက်၍ နဖူးကို လက်ညိုးဖြင့် တောက်နေရင်း ကြမ်းပေါ်မှာ ဒူးထောင်လျက်သားဖြင့် လူနှစ်ယောက်ဖမ်းချုပ်ထားသည်ကို ရုန်းကန်နေသောလူအား ဂရုမထားသကဲ့သို့ ကြည့်လိုက်သည်။

လော့ဝမ်ဟောင်၏ ပုံရိပ်မှာမရှိတော့ပြီဖြစ်သလို မိမိကိုယ်ကိုထိန်းချုပ်နိုင်မှုသည်လည်းမရှိတော့ချေ။

ဤသည်က လော့ဝမ်ချန် ထိုစဥ်က ဘယ်လိုဖမ်းချုပ်ခံထားရသည့်ပုံစံလဲ ဆိုတာပင်။

‘’ကိုယ့်ဘာသာလုပ်မလား ဒါမှမဟုတ် မင်းခြေထောက်နှစ်ဖက်စလုံးကို ငါ့လူတွေနဲ့ချိုးခိုင်းရမလား။မင်းရွေးချယ်မှုပဲ’’

သူသည် ရက်စက်သောရွေးချယ်မှုနှစ်ခုအား အေးအေးဆေးဆေးပင် ပေးနေလေ၏။

ကျိုးယိရှန်းက လော့ဝမ်ဟောင်ရှေ့၌ထိုင်ချလိုက်ပြီး အပြုံးများဖြင့်ပြောလိုက်၏။

‘’မြန်မြန်ရွေးလိုက် သခင်လေးလော့။လူကြီးမင်းကတော့ စောင့်နိုင်ပေမဲ့ ငါ့ရဲ့ချီလင်လက်မောင်း(ဂိမ်းသမားတစ်ယောက်သို့မဟုတ် ကွန်ပြူတာအကြည့်များသူတစ်ယောက်၏ ကြွက်သားအပြည့်ဖြင့်လက်မောင်း )က အရမ်းကို ယားနေရောပဲ’’

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now