Chapter 56

631 126 1
                                    



"ပေကျင်းကိုပြန်သွားလိုက်တော့"

အေးစက်ပြီး ခံစားချက်မဲ့သော စကားတစ်ခွန်း က လုချုံ၏ပါးစပ်မှ ထွက်ပေါ်လာသည်။ သူသည် လောင်တင်းကို ဆက်မကြည့်တော့ဘဲဘေးမှဖြတ်၍ အပေါ်ထပ်သို့ တက်သွားလေတော့သည်။

‌လုချုံ၏ကျောကိုကြည့်ရင်း လောင်တင်း၏မျက်လုံးထဲတွင် အံ့အားသင့်နေသည့်အကြည့်များပေါ်သွား၏။ နောက်ဆုံးတော့လည်း သူက ဦးညွတ်ကာ "ဟုတ်ကဲ့" ဟုသာပြောလိုက်လေသည်။

လုချုံ ခဏမျှ တုံ့ဆိုင်းနေပြီးမှ လော့၀မ်ချန်၏ အခန်းဆီသို့ လျှောက်သွားကာ တံခါးကို ဖွင့်လိုက်သည်။ အခန်းက အလွန်ရှင်းလင်းနေသည်။ ကုတင်ပေါ်ရှိ စောင်ကို သပ်သပ်ရပ်ရပ် ခေါက်ထားပြီး ကုတင်ဘေးက စားပွဲနှင့် စာကြည့်စားပွဲပေါ်တွင် မည်သည့်အရာမှမရှိတော့ပေ။ တစ်ချက်ကြည့်ရုံဖြင့် ဧည့်သည်တည်းဖို့ စောင့်နေသည့်ဟိုတယ်ခန်းတစ်ခုနှင့်ပင် ဆင်တူလေသည်။

လုချုံ တစ်စုံတစ်ခုကို ခံစားလိုက်ရသည့်အလား ကြက်သေသေသွား၏။ သူဗီရိုကိုဖွင့်ကြည့်လိုက်သည်။ အတွင်းမှအဝတ်အစားများကို သပ်သပ်ရပ်ရပ် ချိတ်ဆွဲထားပြီး သူများ ပြန်သိမ်းရလွယ်ကူစေရန်ထားရှိထားသည်။

ရေချိုးခန်းကလည်း သန့်ရှင်းနေသည်။ ကြမ်းပြင်ပေါ်တွင် ရေတစ်စက်မျှမရှိချေ။ မျက်နှာသုတ်ပဝါများကို ခေါက်ထားပြီး ခွက်၊ သွားတိုက်တံ၊ ရေချိုးခန်းသုံးပစ္စည်းများနှင့် အခြားပစ္စည်းများလည်း ဘေးမှာရှိနေကာ လွှင့်ပစ်ဖို့ အသင့်ဖြစ်နေသည့်နှယ်။

လုချုံ အချိန်အတော်ကြာအောင် အသိဝင်မလာခဲ့တော့။

"မြောင်~" သိမ်မွေ့သော အသံတစ်ခုက ထွက်ပေါ်လာပြီး နံရိုးလေးသည် သူမ၏ဆူဖြိုးသော ခန္ဓာကိုယ်ကို အခန်းတစ်ဝိုက်တွင် လှည့်ပတ်လိုက်သည်။

သူမရှာနေသည့်လူကို မတွေ့ရဘဲ အိမ်က အေးစက်သည့်လူကြီးသာရှိပေသည်။

"မြောင်!"

နံရိုးလေးက ရေချိုးခန်းတံခါးဝမှာ ငုတ်တုတ်ထိုင်ချကာ တစ်စုံတစ်ယောက်ကို မေးနေသလိုမျိုး အထဲကလူကြီးဆီ အော်လိုက်၏။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now