Chapter 49 + 50

936 165 7
                                    

Chapter (49)

အဆုံးတွင် လော့၀မ်ချန်သည် ဟန်ယင်၊ ကျောက်ကျန့်ဖဉ်နှင့် ကျန်းသုန်းတို့ထံမှ တရားရုံး၌ တောင်းပန်ခြင်းကို လက်ခံရခြင်းအပြင် ငွေကြေးဆိုင်ရာ လျော်ကြေးငွေအချို့ကိုလည်း လက်ခံရရှိခဲ့သည်။ သူ့ပုံစံက နောက်ဆုံးတော့ နှလုံးသားထဲမှ အဖုအထစ်များကို ဖယ်ရှားပြီးသွားသည့်နှယ် တစ်ကိုယ်လုံးက ပြေလျော့သွားလေသည်။

အရင်နှစ် ဆောင်းဦးကုန်ခါနီးကနေ ယခုနှစ် မတ်လကုန်အထိ ပြန်လည်မွေးဖွားခဲ့သည်မှာ နှစ်ဝက်တောင်မရှိသေးပေ။ မူလကတစ်နှစ်အတွင်း ပြီးစီးရန်စီစဉ်ထားသည့် အရာများအားလုံး ပြီးသွား‌သည်မှာ အလွန်တရာလွယ်ကူလှသည်။

သူလုပ်ခဲ့တာဟူ၍ ခါးသီးပြီးသနားစရာကောင်းသည့်ဇာတ်ရုပ်ကို ဟန်ဆောင်ခဲ့ရုံသာဖြစ်ပြီး မူလကတွေးထားခဲ့သည့် ကိစ္စတွေကိုတောင် လုပ်စရာမလိုခဲ့ပါ‌ချေ။ အားလုံးက သူ့ဆန္ဒအတိုင်း အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပေသည်။

လော့၀မ်ကျွင်းကို တရားခွင်ကနေ ရုံးထုတ်လာသည်ကို မြင်ရချိန်၌ ထိုသူသည် သူ့အား ကြောက်မက်ဖွယ်ရာမျက်ဝန်းများနှင့်အတူ ခပ်ရေးရေးပြုံးပြလာ၍ သူ့နံဘေးက လုချုံအား လှည့်ကြည့်လာသည်။

လုချုံကမူ လော့၀မ်ကျွင်းကို လုံးဝ မကြည့်ချေ။ သူက လော့၀မ်ချန်အား "အိမ်ပြန်ကြစို့" ဟုသာ ပြောလိုက်သည်။

လော့၀မ်ချန်၏နှလုံးသားထဲတွင် ခံစားချက်ပေါင်းများစွာကို ခဏတာ ခံစားလိုက်ရ၏။

သူ၏ယခင်ဘဝတွင် လုချုံသည် လော့၀မ်ကျွင်း၏နောက်ခံအဖြစ်ရှိပေးခဲ့တာကြောင့် လော့ဝမ်ကျွင်းဟာ ဘဝတွင်အောင်နိုင်သူဖြစ်လာပြီး သူကတော့ဝမ်းနည်းစွာအဆုံးသတ်ခဲ့ရသည်။

ဤဘဝတွင်မူ သူသည် လုချုံ၏ယုံကြည်မှုနှင့် ကူညီပေးမှုများကို တစ်လှမ်းချင်းစီရလာခဲ့ပြီး သူနှင့်‌ လော့၀မ်ကျွင်း၏အဆုံးသတ်ဟာ လုံးဝပြောင်းလဲသွားရလေသည်။

လုချုံ နှင့်မတွေ့ခင်က လုချုံနှင့်လော့၀မ်ကျွင်းတို့တွင် သေချာသည့်ဆက်ဆံရေးတစ်ခုရှိနေမည်ဟု ထင်ခဲ့ပေမဲ့ သည်လူကိုသိလာပြီးနောက်မှာတော့လော့၀မ်ကျွင်းဟာ သူ့ယခင်ဘဝက လုချုံကိုကျောထောက်နောက်ခံအဖြစ် ရယူနိုင်ခဲ့ခြင်းမှာ လော့ဝမ်ချန်ဆိုသည့် သူကိုယ်တိုင်လုပ်ခဲ့သောနည်းအတိုင်းပြုခဲ့တာဖြစ်နိုင်ကြောင်း ခံစားမိသွားရသည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now