Chapter 62

856 159 5
                                    



အလွန်အံ့အားသင့်မှု၊တုန်လှုပ်မှုနှင့်၊အထိတ်တလန့်ရှိမှု၊...........ဤစကားလုံးများသည် ထိုအချိန်က သူဘယ်လို ခံစားနေရသည်အား ဖော်ပြရန်မလုံလောက်ချေ။

သူ အတန်ကြာ တောင့်ခဲနေပြီးမှ ကားမောင်းသူနေရာမှ အနောက်ခုံသို့ပြောင်းထိုင်လိုက်ကာ အပေါ်အောက်လှန်လျောရှာတော့သည်။ ကားက အတော်ပင်ကြီးပြီး အလျားရှည်ဗားရှင်းမျိုးဆိုလျှင်တောင် နေရာက ထိုတစ်နေရာပင်ရှိရာ သက်ရှိလူသားတစ်ယောက်အား ပုန်းအောင်းမှာ ဘယ်မှာ ဖြစ်နိုင်ပါအံ့။ သည်လောက်အချိန်တိုလေးအတွင်းမှာရော လူတစ်ယောက်က ဘယ်ကို ထွက်သွားနိုင်ပါမည်နည်း။

သူသည် ကားပေါ်၌မရှိပါက ကားအပြင်သို့လည်း ထွက်နိုင်မည်မဟုတ်ချေ။

လေထဲမှာ ဒီတိုင်းပျောက်ကွယ်သွားသည်လော။

လုချုံသည် ကြောင်အား ဗလာအကြည့်ဖြင့်ကြည့်လိုက်ရာ ကြောင်သည်လည်း သူ့အား ဗလာအကြည့်ဖြင့် ပြန်ကြည့်လာသည်။

သူတို့နှစ်ဦးလုံးသည် သွေးများဖြင့် ဖုံးလွှမ်းနေလျက် တစ်ယောက်ကိုတစ်ယောက် လုံးဝစိတ်ရှုပ်စွာ ကြည့်နေကြသည်။

'' မြောင် ''

ရုတ်တရက် ကြောင်သည် သူ့မျက်နှာအား သူ၏လက်ဖြင့် ရိုက်လိုက်၏။

ထိုအခါမှ လုချုံ အသိဝင်သွားကာ ကြောင်အမ်းထူပူနေသော ဦးနှောက်ကို အလုပ်ပေး၍ တစ်စုံတစ်ရာအားရှာကာ ထိုင်ခုံမှ သွေးများအား ဂရုတစိုက် သုတ်ပစ်လိုက်သည်။

လူသိခံလို့မဖြစ်ဘူး။ လူသိခံလို့မဖြစ်ဘူး....

သူသည် နှစ်ခါမျှသုတ်လိုက်ပြီးနောက် သူ့ကိုယ်ပေါ်ရှိသွေးများကိုလည်း သုတ်လိုက်ကာ ရေရွတ်လိုက်သည်။

''တခြားဘာလုပ်ရဦးမလဲ.....တခြားလုပ်စရာ ဘာရှိသေးလဲ......?''

ဟုတ်တယ်!

သူသည် ဒရိုင်ဘာခုံမှ သေနတ်အားကောက်ယူပြီး တံခါးဖွင့်ကာ ကားမောင်းလာခဲ့သော လမ်းအတိုင်းပြန်လျှောက်သွားလိုက်သည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now