Chapter 76

2.2K 203 0
                                    

တကယ့်ကို အဝေးထိန်းခလုတ်က တစ်ခုသာရှိခဲ့သည်။ အိပ်မွေ့ချခြင်းအကြိမ်ကြိမ်ပြုလုပ်ပြီးသည့်နောက် ဘရူအင်ဒီလန်သည် စိတ်ပိုင်းဆိုင်ရာပြိုလဲလုနီးပါးဖြစ်နေသော်လည်း သူ၏အဖြေတွေကအတူတူပင်။

လော့ဝမ်ချန်က ဘရူအင်ဒီလန်ကိုနောက်ဆုံးအကြိမ်တွေ့ချင်သည်ဟုပြောလိုက်သည်။

ဘရူအင်ဒီလန်သည် အိမ်မွေ့ချခြင်း၌ အလွန်အကဲဆတ်ကာ သူအိမ်မွေ့ချခံရစဉ်မှာအပြင်းအထန်ခုခံခဲ့သည်။ ထို့ကြောင့် ယခုသူ့ကိုကြည့်ရသည်မှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါချုံးချုံးကျနေပုံရသည်။ သို့ပေမယ့် သူ၏သူဌေးကြီးကအကူအညီတွေပေးဖို့လမ်းပေါ်တွင်ရောက်နေပြီး သူအကယ်ခံရလိမ့်မည်ဆိုသည့်နေ့ကိုမျှော်နေဆဲပင်။

သို့ပေမဲ့ ထိုအစားလော့ဝမ်ချန်သာလျှင်ဝင်လာခဲ့၏။

''မင်းလာပြီပဲ။ ဘာသတင်းတွေရသေးလဲ? ဘာလို့ငါ့ကိုကယ်ဖို့ဘယ်သူမှမလာကြသေးတာလဲ?''

ဘရူအင်ဒီလန်သည် လော့ဝမ်ချန်ကို ခဏတာစောင်းငဲ့ကြည့်ခဲ့ပြီးမှ မှတ်မိသွားသည်။

''ငါ့ကိုဒီကနေအမြန်ဆုံးခေါ်ထုတ်သွားပေး!''

ဤငရဲတွင်းလိုနေရာတွင် သူ နေ့တိုင်းရိုက်နှက်ခံရ၍စစ်ဆေးမေးမြန်းခံနေရသည်။ သို့ပေမဲ့ နောက်တော့ မည်သူမှမလာကြတော့ပေ။ မှောင်မဲကာတိတ်ဆိတ်နေပြီး ဘာကိုမှလည်းမြင်နိုင်ခဲ့ချေ။ မည့်သည့်သတင်းစကားမှမလာတော့ဘဲ လူတိုင်းကသူ့ကိုမေ့နေကြသည့်ပုံပင်။ သူရူးသွားတော့မည့်အချိန်ထိ စောင့်ပြီးရင်း စောင့်ပြီးရင်း စောင့်ပြီးရင်း ဆက်၍စောင့်ဆိုင်းနေခဲ့ရသည်။

''ခင်ဗျားကိုကယ်ဖို့ဘယ်သူမှလာမှာမဟုတ်ဘူး''

လော့ဝမ်ချန်သည် ယခင်နှင့်မတူညီစွာပြောလိုက်သည်။

''ခင်ဗျားရဲ့ သူဌေးကခင်ဗျားကိုလက်လျှော့လိုက်ပြီ''

''မဖြစ်နိုင်ဘူး! ငါသူ့ကိုပိုက်ဆံတွေအများကြီးရအောင်လုပ်ပေးခဲ့တာ ငါ့ဦးနောက်ကိုသူအရမ်းတန်ဖိုးထားတယ်!''

ဘရူအင်ဒီလန်ကအော်လိုက်သည်။

ရုတ်တရက်ပင် သူသည်လော့ဝမ်ချန်ကိုလက်ညှိုးထိုးလိုက်ရင်း

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now