Chapter 58

1.5K 232 5
                                    

ကျန်းချီဟွေးသည် အတန်းပိုင်ဆရာမထံမှ အိမ်လာလည်မည်ဟူ၍ ဖုန်းဆက်လာချိန်မှာ ကြက်သေသေသွား၏။

ဇနီးဖြစ်သူ ဝမ်ရူဟွားက ရေဇလုံကိုင်၍ထွက်လာရင်းဖြင့်

‘’ဘာဖြစ်လို့လဲ"

ကျန်းချီဟွေးက အလျင်အမြန်ကူညီလိုက်၏။

‘’လေးလွန်းတယ်။ဒီမှာထားခဲ့။ ကိုယ်လုပ်လိုက်မယ်''

ခြံဝန်းလေးထဲတွင် သူသည် ရေဇလုံထဲမှ အဝတ်စိုအားယူလိုက်ကာ အဝတ်တန်းတွင် လှမ်းရင်း ပြောလိုက်သည်။ 

‘’အတန်းပိုင်ဆရာမက ကိုယ်တို့ဆီလာလည်မယ်လို့ပြောတယ်။သူက ထုံထုံနဲ့ရန်ရန် ကို ပန်းချီသင်တန်းထဲတက်စေချင်တာ။ ကျောင်းမှာ မြို့ကြီးပြကြီးကနေ ပန်းချီဆုရလာတဲ့ဆရာတစ်ယောက်ရှိတယ်လို့ ပြောတယ်''

‘’မြို့ကြီးပြကြီးက ပန်းချီဆရာ။အံ့သြစရာမကောင်းဘူးလား။ဒါဆို သူတို့ကိုသွားခွင့်ပြုရမှာပေါ့။ကလေးတွေကို တစ်ခုခုသင်ယူခိုင်းတာလည်း ကောင်းတာပဲလေ''

ဝမ်ရူဟွားက သူမ၏ခါးအား ထုလိုက်ရင်း သူမ၏အမျိုးသား တုံ့ဆိုင်းနေသည်ကို မြင်သော် မေးလိုက်၏။

‘’ဈေးကြီးလို့လား’’

‘’အခမဲ့သင်ပေးမှာတဲ့။ တစ်ပတ်မှာ နှစ်ရက် ကျောင်းကိုသွားပေးရုံပဲ ‘’

‘’ဘာတွေတွေးနေသေးတာလဲ။ဘယ်လောက်တောင် ရှားပါးတဲ့ အခွင့်အရေးလဲလို့ ‘’

ဝမ်ရူဟွားက ရုတ်တရက်ပြောလိုက်သည်။

‘’ ရှင်က ရှောင်ကျယ်ကို စိုးရိမ်နေတာ မဟုတ်ဘူးလား?’’

ကျန်းချီဟွေးက တွန့်ဆုတ်စွာပြောလိုက်သည်။

‘’ ရှောင်ကျယ်က ဒီလိုအရာတွေကို ဘယ်တုန်းကမှ သင်ခဲ့ရတာမဟုတ်ဘူး။ ပိတ်ရက်မှာ ဒီကလေးနှစ်ယောက်နဲ့အတူ အလည်အပတ်သွားပြီး သူ့ကိုကူညီရင်း စျေးလျှောက်ပတ်မယ်  ဒါမှမဟုတ်ရင် တခြားဟာတွေ အတူလုပ်မယ်လို့ သဘောတူထားပြီးသားလေ‘’

ဝမ်ရူဟွား၏ မျက်လုံးများက ရုတ်တရက်နီရဲလာလျက် ရယ်ရယ်မောမောဖြင့် ပြောလာသည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now