Chapter 64

2.7K 346 8
                                    

လျိုဝေကျစ်သည် လော့၀မ်ချန်ကို ကာကွယ်မှုအောက်တွင် ထားဖို့နေရာတစ်ခုစီစဉ်ထားသော်လည်း လက်တွေ့မှာတော့ စောင့်ကြည့်ခြင်းသာဖြစ်သည်။ လော့၀မ်ချန်သည် လျိုဝေကျစ် စိတ်ပူနေသည်ကို သိသည်။ လျိုဝေကျစ်က သူ့ကို သံသယရှိနေဆဲဖြစ်ပြီး လော့၀မ်ချန်ကလည်း သူ့ကို စောင့်ကြည့်ခွင့်ပေးခဲ့သည်။

သို့သော် နောက်တစ်နေ့တွင် လုချုံ၏ "အံ့ဖွယ်ကောင်းစွာတိုးတက်လာသောအခြေအနေကြောင့်" လျိုဝေကျစ် အလွန်စိတ်သက်သာရာရသွား၏။

ဆေးရုံမှသတင်းကောင်းရသောအခါ လော့၀မ်ချန်သည် အလွန်စိတ်လှုပ်ရှားနေသော ကျိုးချန်အား "သွားကြည့်ကြည့်ရအောင်"ဟု ပြောလိုက်သည်။

သို့ငြား ကားကဆေးရုံရှေ့ကလမ်းဆုံကိုရောက်ချိန်မှာတော့ လော့၀မ်ချန်က ပြောလာခဲ့လေ၏။

"မင်းပဲ သွားကြည့်လိုက်ပါတော့''

"သခင်လေးကမဝင်ဘူးလား"

"ကျွန်တော်ဝင်ဖို့မသင့်တော်ဘူး။ မဟုတ်ရင် နောက်ထပ်ပဋိပက္ခဖြစ်မှာ မလွှဲမသွေပဲ။ မင်းကျွန်တော့်ဆီသတင်းလာပြောပေးရင်ကို အဆင်ပြေပါပြီ"

ကျိုးချန်၏ ချီတုံချတုံဖြစ်နေသော အကြည့်ကို မြင်သောအခါ သူပြုံးလိုက်သည်။

"၀င်သွားတော့လေ"

ကျိုးချန်ထွက်သွားပြီးနောက် လော့၀မ်ချန်သည် ကားထဲတွင် တစ်ယောက်တည်း ထိုင်နေရင်း ဖုန်းကိုထုတ်၍ ခဏလောက်ကလိပြီးနောက် ပြန်ချကာ ယာဉ်မောင်းထိုင်ခုံသို့ ပြောင်းထိုင်လိုက်သည်။ သူ့လက်ချောင်းတွေဖြင့် စတီယာတိုင်ကို ခေါက်လိုက်၏။

အဲ့တာဆို ဘယ်ကိုထပ်သွားရင် ကောင်းမလဲ။

သူနောက်နှစ်ရက်အတွင်း သေတော့မည်ဆိုတာကို သူသိသည်။ အချိန်နည်းနည်းလေးပဲကျန်နေပြီး လျိုဝေကျစ်ကလည်း သူ့ကိုစောင့်ကြည့်နေတာကြောင့် နိုင်ငံထဲကနေထွက်သွားဖို့ကတော့ မဖြစ်နိုင်တော့ပေ။ ထို့အပြင် သူထွက်သွားဖို့လည်း အလွန်ပျင်းနေသည်။

ဘယ်နေရာမှာသေမလဲဆိုတာက တကယ်အရေးကြီးလို့လား?

သူ့စိတ်အခြေအနေတွေမတူတော့သလို အတွေးတွေလဲပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now