Chapter 46

722 147 2
                                    



ထိုအချိန်တွင် ရုတ်တရက်ဖုန်းလာလေသည်။ လုချုံ ခေါ်သည်ပင်။

သူဖုန်းကိုင်လိုက်သည်။

''လူကြီးမင်း''

''ဝမ်ချန်....အတန်းပြီးသွားပြီလား''

အမျိုးသား၏တည်ငြိမ်သောအသံက ထွက်ပေါ်လာသည်။

''ဟုတ်ကဲ့။ ပြီးသွားပြီဗျ''

''ဒါဆို ထွက်လာတော့လေ။ ကိုယ်အပြင်မှာ စောင့်နေမယ်''

လော့ဝမ်ချန် ကြက်သေသေသွားပြီးမှ ကျောင်းဂိတ်ဝသို့ လျှောက်ရင်း ပျော်ရွှင်စွာဖြင့် မနေနိုင်စွာ ပြောလိုက်သည်။

''လူကြီးမင်း.....ဒီကို ဘာလာလုပ်တာလဲ''

''ဒီနားမှာ လုပ်စရာလေးပေါ်လာလို့''

''ကျွန်တော်လည်း မကြာခင်ရောက်တော့မယ်''

လော့ဝမ်ချန်အရှိန်မြန်လိုက်ပြီး ကျောင်းဂိတ်ဝအနီးသို့ရောက်ခါနီးတွင် ရုတ်တရက်လူတစ်ယောက် ပြေးဝင်လာ၏။

''လော့ဝမ်ချန်!!! ''

လော့ဝမ်ချန်၏အနောက်ဘက် ခြေလှမ်းဝက်အကွာမှ ကျိုးချန်သည် ချက်ချင်းပင် အရှေ့သို့ ခြေလှမ်းလိုက်ပြီး လော့ဝမ်ချန်အား သူ့နောက်တွင် ကာထားလိုက်သည်။

ထိုလူသည် လော့ဝမ်ချန်နှင့် လွဲသွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားလေသည်။

''လော့ဝမ်ချန် နင် ဒီလောက် နှလုံးသားမဲ့လို့ မရဘူးလေ!!! ''

လော့ဝမ်ချန် မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး ခဏမျှတွေဝေသွား၏။

''ဟန်ယင်''

သူ့ရှေ့တွင်ရှိသူဟာ လှပသောမျက်နှာနှင့် အသက်နှစ်ဆယ့်ငါးနှစ်အရွယ်ရှိ မိန်းမတစ်ယောက်ပင်။သို့သော် သူမ၏ဘယ်ဘက်ဒူးအောက်ခြေတွင်ကား ဘာမှမရှိတော့။ သူမသည် လက်ထဲရှိချိုင်းထောက်နှစ်ခုနှင့် ခက်ခက်ခဲခဲမတ်တပ်ရပ်နေရသည်။

ဤပုဂ္ဂိုလ်သည် ယခုလေးတွင်မှ သူရဲကောင်းအဖြစ်စင်တင်ခံရသူ မင်းသားလေးအစစ်လော့ဝမ်ကျွင်း၏ မွေးစားအစ်မ ဟန်ယင်ဖြစ်ပေသည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now