Chapter (38)

2K 304 7
                                    

“အထုတ်အပိုးတွေ သွားပြင်ပြီး ဒီည ပြန်တော့"

လုချုံက ကျိုးယိရှန်းအား ပြောလိုက်သည်။

ကျိုးယိရှန်းသည် ကိုးရို့ကားယားနိုင်စွာ​ ပြောလာ၏။

‘’လူကြီးမင်း....... ကျေးဇူးပြုပြီး ရက်နည်းနည်းလောက် ထပ်နေခွင့်ပေးပါဦး’’

‘’မင်းဒီလိုပြောတာ ဘယ်နှစ်ကြိမ်ရှိနေပြီလဲ။ ကျိုးယိရှန်းကနေ ဘယ်တုန်းကများ ကျိုးယိပေကပ် ဖြစ်သွားတာလဲ"

လျိုဝေကျစ်က အပြုံးတစ်ပွင့်နှင့်အတူ ဝင်ပြောလိုက်သည်။

‘’ဖက်တီးကောင်......မင်းငါနဲ့လဲမလား။မင်းကမြို့တော်ကိုပြန်သွားချေ။ငါကဒီမှာနေခဲ့မယ်!’’

ကျိုးယိရှန်းက ဒေါသတကြီးပြောလိုက်လေသည်။

‘’ဘယ်ဖြစ်မလဲ........မင်းလို တုတ်တုတ်ခိုင်ခိုင် ခန္ဓာကိုယ်ကြီးက ဘယ်လိုလုပ် လူကြီးမင်းကို ဂရုစိုက်ပေးနိုင်မှာတဲ့လဲ"

"မင်းသာ အဆီတစ်ထပ်၊ အသားတစ်ထပ်ဖုံးနေတဲ့ ဖက်တီးကောင်..လူလည်းမရိုက်နိုင်၊ လူရိုက်တာလဲ မခံနိုင်နဲ့..ဘယ်လိုလုပ် လူကြီးမင်းကို စောင့်ရှောက်မှာလဲ"

လုချုံသည် နှစ်ယောက်ဆုံလိုက်တိုင်း ဉာဏ်ရည်နိမ့်ကျသွားတတ်ကာ ဘာမဟုတ်သည့်အရာများအား ငြင်းခုံနေကြသူနှစ်ယောက်အား လျစ်လျူရှုထားလိုက်ပြီး ပြုံးတုံ့တုံ့လုပ်နေသော ဦးလေးတင်းအား မေးလိုက်သည်။

‘’ဝမ်ချန် အခုထိ ပြန်ရောက်မလာသေးဘူးလား’’

‘’မရောက်သေးပါဘူး.....လူငယ်တွေဆိုတာက ဒိတ်လုပ်ရင် ရုပ်ရှင်ကြည့်ရင်ကြည့်၊ ဒါမှမဟုတ် တစ်ခုခုလုပ်ချင်လုပ်ကြတာမျိုးလေ"

သူ့ပြောစကားမဆုံးခင်မှာပင် အစေခံ၏အသံက အဝင်ပေါက်ကနေ ထွက်ပေါ်လာသည်။

‘’လူကြီးမင်းလော့ ပြန်ရောက်ပါပြီလား'’

ထို့နောက်မှာ လူငယ်လေးက အသံတိုးတိုးဖြင့်ဖြေလာ၏။

လုချုံသည် ထိုအသံကို ကြားလျှင်ကြားချင်း တစ်ခုခုမူမမှန်သလို ခံစားလိုက်ရသည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now