Chapter 40

1K 188 3
                                    

ခွဲစိတ်ခန်းထဲမှာတော့ ခွဲစိတ်ကုသခြင်းက အလွန်အောင်မြင်သည်။

မကြာခင်မှာပင် နောက်ဆုံးအဆင့်သို့ရောက်တော့မည်ဖြစ်သည်။

သို့ငြား နာရီကမူ တချက်ချက်သံနှင့်အတူ သန်းခေါင်ယံကို နီးလာခဲ့ပြီဖြစ်လေသည်။

လော့၀မ်ချန်သည် ထုံဆေးကြောင့် သတိရှိနေခဲ့ကာ အီလက်ထရွန်းနစ်နာရီပေါ်ရှိ အနီရောင်တောက်တောက်နံပါတ်များကို ကြည့်လိုက်သည်။

၁၂နာရီ ထိုးလေပြီ !

သူ ခဏမျှစောင့်နေလိုက်သည်။ ထို့နောက်မှာတော့ မသက်မသာခံစားချက်က ဗိုက်ထဲကနေ မြင့်တက်လာခဲ့ကာ....

စူးရှလှသော ခံစားချက်! !

ဓားတစ်ချောင်းဖြင့် အထိုးခံလိုက်ရသည့်အလားလော့၀မ်ချန်၏ ခန္ဓာကိုယ်က တောင့်တင်းသွားကာ အံတင်းတင်းကြိတ်ထားလိုက်ရသည်။

သူ့အမူအရာကို အာရုံစိုက်နေသည့် သူနာပြုဆရာမက စိတ်လှုပ်ရှားနေတာပဲဟု ထင်ကာ ပြုံး၍ နှစ်သိမ့်လာသည်။

“ချုပ်ရိုးချုပ်နေပြီ၊ ပြီးတော့မှာပါ"

လော့၀မ်ချန်သည်လည်း သူမကိုပြုံးပြဖို့ကြိုးစားလိုက်ပေမဲ့ အပြုံးကမျက်နှာပေါ်မရောက်ခင်မှာပင် အေးခဲသွားသည်။ သူ မျက်မှောင်ကြုတ်လိုက်ရင်း နဖူးမှာချွေးသီးတွေထွက်လာခဲ့၏။ သူနာပြုဆရာမမှာ ပဟေဋ္ဌိဖြစ်နေဆဲမှာပင် မော်နီတာထက်ကနေ ကျယ်လောင်စူးရှသော တတီတီသံအား  ကြားလိုက်ရလေသည်။

နှလုံးခုန်နှုန်းနှင့် သွေးဖိအားဟာ သတိပေးချက်အဆင့်ကို ချက်ချင်းကျော်သွားခဲ့လေခြင်း။

လုချုံသည် ခွဲစိတ်ခန်းအပြင်ဘက်တွင် ကျောမတ်ကာ ထိုင်နေပြီးစင်္ကြက မီးရောင်များက သူ၏ မျက်နှာအမူအရာအား ပို၍ ကြည်လင်နက်နဲသွားစေလေသည်။

သူသည်ညာလက်၏ လက်မနှင့် လက်ညိုးကို ညင်သာစွာ ပွတ်သပ်လိုက်ရင်း အတွေးထဲနစ်နေ၏။ အေးစက်သောမျက်နှာထားနှင့် အနည်းငယ်ငုံ့ထားသော မျက်တောင်များအောက်ရှိ အရိပ်များကတောင် လေးနက်နေပုံရပေသည်။ 

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now