Chapter (32)

972 170 0
                                    

လော့ဝမ်ကျွင်းသည် ဒေါသကြောင့် မျက်နှာက ပျက်ယွင်းလုမတက်ဖြစ်နေရာမှ ရုတ်ချည်းဆိုသလို အမူအရာပြောင်းသွားကာ ဒူးထောက်ချလာလေသည်။

လော့ဝမ်ချန်အံ့အားတသင့်ဖြစ်စွာ မျက်လုံးများပြူးသွားရင်း ရုတ်တရက်ပင် တစ်စုံတစ်ခုကို သတိပြုမိသွားချေသည်။

ထို့နောက်မှာတော့ သူသည် လော့ဝမ်ကျွင်း၏ တာကျိုးလာသော မျက်ရည်များနှင့်အတူ သည်းအူပြတ်မတက် အသနားခံတောင်းပန်နေခြင်းအား နားထောင်လိုက်ရတော့သည်။

“ အာ့ကော ပြန်လာခဲ့ပါတော့! အဖေ့ကိုလည်းခွင့်လွှတ်လိုက်ပါ။ အရာအားလုံးကကျွန်တော့်ကြောင့်ဖြစ်ခဲ့ရတာပါ။ ကောသာပြန်လာပြီးမိသားစုကိုကူညီမယ်ဆိုရင် ကျွန်တော်ချက်ချင်းထွက်သွားပေးပါ့မယ် ”

လော့ဝမ်ချန်သည် သူ၏ဖျော်ဖြေမှုကို စိတ်ဝင်တစား ဖြင့်ပင် ကြည့်နေပေးလိုက်သည်။အနောက်ဘက်ကနေ ခြေသံထွက်လာချိန်မှာတော့ သူမျက်စိစွေကြည့်လိုက်သည်။ လော့ဝမ်ဟောင်ရောက်လာခြင်းပင်။

ရောက်လာမှာပေါ့။ မနီးမဝေးမှန်ပြတင်းပေါက်ကနေ တဆင့် ဟောခန်းထဲကလူတွေကလည်း ဒီကအဖြစ်အပျက်ကို လှမ်းမြင်ရတယ်လေ ဟုတ်တယ်မလား။

လော့တမ်ချန်ခပ်ဖျော့ဖျော့ပြုံးကာ သူ့ခြေရင်းရှိလူကို ဘာသိဘာသာပင် ငုံ့ကြည့်လိုက်သည်။ သူ့အသံက ပျော့ပျောင်းပြီး တည်ငြိမ်နေ၏။

“ လော့ဝမ်ကျွင်း မင်းက တကယ့်ကိုကြောက်စရာကောင်းတာပဲ။ ဒီလိုမျိုးတွေကိုတောင် လုပ်နိုင်တယ်။ ငါမင်းကိုတကယ်လျှော့တွက်ခဲ့မိသွားတာပဲ”

သူဟာ မနေ့က လေ့ကျင့်သင်ကြားထားသည့်အတိုင်း မျိုးရိုးမြင့်တစ်ဦးကဲ့သို့ မတ်တပ်ရပ်နေစဥ်မှာ သူ၏ခြေရင်းကလူကတော့ ပုရွက်ဆိတ်တစ်ကောင်အလား။

“ မင်းဒီလိုမျိုးဒူးထောက်လိုက်ပြီးရင် ငါလုပ်ခဲ့သလိုမျိုး ခြောက်ပြစ်ကင်းသဲလဲစင်တဲ့နည်းနဲ့ ပြန်လာမှဖြစ်မှာနော်။ မဟုတ်ရင် ဟိုင်နဉ်ရဲ့ အထက်တန်းစားအသိုင်းအဝိုင်းက မင်းကိုလက်ခံတော့မှာမဟုတ်ဘူးဆိုတာကိုရောသိရဲ့လား ”

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now