Chapter 71

528 82 0
                                    

လုချုံ၏လုပ်ငန်းများသည် အများအမြင်တွင် လုပ်ငန်းခွဲများစွာဖြင့်ဖွဲ့စည်းလုပ်ကိုင်သည့် လုလုပ်ငန်းစုအမည်ဖြင့် ဖြစ်သော်လည်း အများရှေ့ချမပြသည့် လုပ်ငန်းများလည်းရှိသေးသည်။ လုချုံ၏အပိုင်းက အဖြူရောင်ဖြစ်ပြီး အနက်ရောင်အပိုင်းကမူ မီးခိုး​ရောင်ဧရိယာဖြစ်သည်။ ထို့နောက် အဖြူရောင်နယ်မြေပေါ်မှ မီးခိုးရောင်အပိုင်းကို ကာကွယ် ထိန်းချုပ်ထားသည်။

သူ့ရုံးချုပ်မှ လုပ်ငန်းခွဲများရှိ အရေးကြီးသည့်ရာထူးမှလူများစွာသည် သူနှင့်အရင်းနှီးဆုံးလုပ်ငန်းရှင်များ သို့မဟုတ် လုမိသားစုဝင်များဖြစ်ကြပြီး ထိုအထဲမှ လူနည်းစုကသာ မီးခိုးရောင်နယ်ပယ်ထဲတွင် ပါဝင်နိုင်ကြသည်။

လင်စုသည်လည်း ထိုနည်းတူစွာဖြစ်သည်။ဒါရိုက်တာလီကိစ္စကိုဆောင်ရွက်ပြီးသွားသည့်နောက်တွင် သူ့အား နှစ်ကြိမ်ခေါ်တွေ့ခဲ့ပြီး ထိုနေ့ အလုပ်မဆင်းမီမှာပင် ၎င်း၏ ယခင်ရုံးချုပ်သို့ ပြန်လည်ပြောင်းရွှေ့ခံခဲ့ရသည်။ သာမန်ဝန်ထမ်းများက သူတို့၏သူဌေးသည် လုပ်ငန်းခွဲတစ်ခုသို့ခေတ္တ ပြောင်းစေလိုက်သည်ဟု တွေးကြသော်လည်း အတွင်းလူများကမူ လင်းစုတစ်ယောက် ဘယ်ပုံဘယ်နည်းဖြင့် ဖယ်ရှားခံလိုက်ရပြီးမှ ပြန်ရောက်လာသည်ဆိုသည်အား ကောင်းစွာသိရှိကြပေသည်။

တစ်ယောက်က ဟာသလုပ်ပြောလာ၏။

''လင်စု....မင်းမလဲ အဲ့ဒီ တဟုန်ရန်(လူနီကောင်)ကို စိတ်ကျေနပ်အောင်လုပ်ဖို့အတွက် ခက်ခဲတဲ့အချိန်တွေ ရှိခဲ့တာပါလား''

လော့ဝမ်ချန်အား မည်သူကမှ "ရှောင်ပိုင်နျန်''ဟု မခေါ်ရဲကြပေမဲ့ "တဟုန်ရန်" ဆိုသည့်စကားလုံးကလည်း သိပ်တော့ ယဥ်ကျေးလှသည် မဟုတ်ချေ။

လင်စုသည် သူနှင့် ဆက်ဆံရေးမကောင်းသည့် ထိုလူအား အေးစက်စက်သာ ကြည့်ပေးလိုက်သည်။ သူ့ကြောင့် အတင်းအဖျင်းများသာ ထွက်လာပါက သူတကယ် ဒီတစ်ခါအနားယူရပြီပင်။ လုချုံသူ့အားပြောခဲ့သည့် အကြောင်းများကို တွေးမိသွားချိန်၌ လင်စုသည် ကရော်ပြုံး ပြုံးပြလိုက်၏။

''ခက်ခဲတဲ့အချိန်? မင်းမသိသေးဘူးလား။ ဒီတစ်ကြိမ်မှာ ငါလူကြီးမင်းလော့ကို စိတ်ကျေနပ်အောင်လုပ်ပေးခဲ့လို့ သူက အတိတ်က ကိစ္စတွေကို ဘေးချိတ်ပြီး လူကြီးမင်းရှေ့မှာ စကားကောင်းပြောပေးခဲ့တယ်လေ။ဒါကြောင့် လူကြီးမင်းက ငါ့ကို ဒုဉက္ကဌအဖြစ် ရာထူးတိုးပေးဖို့ ဆုံးဖြတ်လိုက်တာပေါ့''

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now