Chapter 74

1.6K 177 0
                                    


မကြာမီမှာပင် လော့ဝမ်ချန်သည် ဘရူအင်ဒီလန်ထံမှ လျို့လီဖူအမည်ရှိ လူအားရှာဖွေ၍ အခြေအနေကို ပြောပြပေးရန်ဟူသော ညွှန်ကြားချက်ကို ရခဲ့လေသည်။

လျို့လီဖူသည် ပင်စင်ယူခါနီး ပြည်သူ့အရာရှိတစ်ဦးဖြစ်၏။ သူ့ရာထူးက သိပ်အမြင့်ကြီးမဟုတ်ပေ။ သူက အသက်ငါးဆယ်ထဲဝင်နေပြီ ဖြစ်သည်။ ခေါင်းပြောင်ပြောင်၊ ဗိုက်ရွှဲရွှဲရှိကာ တွေ့သည့်လူတိုင်းနှင့် ခင်အောင်မင်အောင်ပေါင်းတတ်သည်။ သူ့အကြောင်း အထူးအဆန်းက မရှိလှ။ ဘရူအင်ဒီလန်သာ ထိုနာမည်ကို ထုတ်မပြောလာလျှင် ရူးသွပ်သောလုပ်ရပ်ဖြစ်သည့် ကြောက်စရာလူသားစမ်းသပ်ချက်တွင် ဤလူအိုကြီး ပါဝင်လိမ့်မည်ဟု မည်သူကမှ သံသယဝင်လိမ့်မည် မဟုတ်ချေ။

ထို့ပြင် သူတို့ဆက်ဆံရေးက သာမန်ရင်းနှီးခြင်းမျိုးပင်မဟုတ်။

လော့ဝမ်ချန်သည် လူကိုတွေ့ဆုံဖို့အတွက် စောင့်ဆိုင်းနေစဥ် လွန်ခဲ့သည့် ၂ရက်က သူအကြမ်းဖျဥ်းရှာထားသော လျို့လီဖူအကြောင်းကို တွေးနေလိုက်သည်။လျို့လီဖူ၏ ရာထူးက မမြင့်သလို အလုပ်လည်းမရှုပ်လှပေမဲ့ နိုင်ငံခြားခရီးတွေကတော့ ခဏ ခဏထွက်ရသည်။သူ့အပြုအမူတွေကနေ ကောက်ချက်ချရသလောက် သူဟာ ၁၀ကြိမ်မှာ အနည်းဆုံး သုံး လေးကြိမ်လောက် ဘရူအင်ဒီလန်ကို သွားတွေ့တတ်သည်။ သူငယ်စဥ်က တက်ခဲ့သည့် နိုင်ငံခြားကျောင်းသည်လည်း ဘရူအင်ဒီလန်တက်သော ကျောင်းနှင့် အတူတူပင်ဖြစ်လေရာ နှစ်ယောက်သားသည် ကျောင်းနေဖက်သူငယ်ချင်းဟောင်းများ ဖြစ်ကြလေသည်။

အချိန်အကြာကြီးအဆက်အသွယ်ရှိသော အတန်းဖော်ဟောင်း၊ အကျပ်အတည်းရောက်နေချိန်တွင် အကူအညီလှမ်းတောင်းလေ့ရှိကြသော အတန်းဖော်ဟောင်းများ၊ ထိုသည်က ပုံမှန် သူငယ်ချင်းဆက်ဆံရေးမျိုး ဖြစ်ပါသလား။

သို့သော် လုချုံသည် အတွင်းထဲထိ စုံစမ်းစစ်ဆေးခြင်းမပြုရသေးချေ။ မြက်ကိုရိုက်လိုက်လို့ မြွေအားသတိပေးမိသွားမည်ကို စိုးရိမ်၍ပင်။

''ဟားဟား....မင်းစောင့်နေတာ ကြာပြီလား။ မင်းဒီမှာ တံဆိပ်ခေါင်းထုဖို့ လာခဲ့တာလို့ ပြောလိုက်တာလား?''

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now