Chapter 55

969 163 10
                                    


'လုကျိုတင်း (လုချုံဟု အမည်မတွင်ခင်က လုချုံ၏အရင်နာမည်) လောကကြီးမှာ တစ်ယောက်တည်းကိုပဲ ဘဝသက်တမ်းတစ်လျှောက်လုံး ချစ်ကြိုက်ကြသွားတဲ့လူ ရှိတယ်လို့ထင်လား''

''ရှိမှာပါ''

''ငါမယုံဘူး။တစ်ယောက်ယောက်က သူအဲ့ဒီလူကိုအရမ်းကြိုက်ပြီး သူနဲ့အတူနေမယ်လို့ ကျိန်ပြောခဲဲ့ပေမဲ့ နောက်တော့ ခဏလေးနဲ့ ပြောင်းလဲသွားတာချည်းပဲ။အရွယ်ရောက်ကြသူတိုင်း အဲ့ဒီလိုတွေချည်းပဲ။ ခဏလေး ချစ်ကြပြီးရင် အဲ့ဒီနောက်တော့ အရင်အချိန်တွေက ရက်စက်လွန်းတယ်ဆိုပြီး အချစ်တွေလျော့ကုန်ပြီးတဲ့နောက် အထီးကျန်တယ်လို့ပြောလာပြီး အသစ်တစ်ယောက်ရှာကုန်ကြတာပဲ မလုပ်နိုင်ရင် အစကတည်းက မလုပ်နဲ့ပေါ့။ဘယ်သူမှ အပြစ်မတင်ဘူး။ အစမှာစကားချိုချိုတွေပြောပြီး အဆုံးမှာတော့ ဆင်ခြေဆင်လက်တွေပဲပေးလာခဲ့တယ်။ ကြောင်သူတော်တွေ!"

"လုကျိုတင်း.....ငါထွက်သွားတော့မယ်! ဒီတစ်ခါ ထွက်သွားပြီးရင် နောက်ဘယ်တော့မှ ပြန်မလာတော့ဘူး!''

''ဒါဆို ငါမင်းကို ရှာမှာပေါ့''

''မဟုတ်ဘူး.....မင်းငါ့ကိုမရှာနိုင်ပါဘူး''

''မင်းထွက်မသွားလို့မရဘူးလား?''

''ဒါပေမဲ့ ငါအိမ်ပြန်ရတော့မယ်......ဟေးးး မင်းဝမ်းနည်းနေလား? ဝမ်းမနည်းပါနဲ့။တခြားသူငယ်ချင်းတွေနဲ့ ဆုံဦးမှာပါ။ငါ့မှာလည်း သူငယ်ချင်းတွေ အများကြီး ရှိတယ် ''

"......"

''တစ်ခုခုပြောပါဦး။မင်းငိုမနေပါဘူး။ ဟုတ်တယ်မလား?'

''.........ငါ မင်းတစ်ယောက်တည်းနဲ့ပဲ သူငယ်ချင်းလုပ်ချင်တာ''

''ဟေး........ မင်းအသက်အရွယ်နဲ့ ဘယ်လိုလုပ် ငါ့ထက်တောင် ကလေးဆန်နေရတာလဲ။ ငါပြောင်းသွားတယ်လို့ပဲ သဘောထားလိုက်။ မင်းသူငယ်ချင်းကောင်းတွေ ပြောင်းသွားရင် ပထမတော့ အရမ်းဝမ်းနည်းလာမယ်။ မင်းသူ့ကိုနေ့တိုင်းလွမ်းမယ်။ ခဏကြာပြီးရင်တော့ မင်းသူ့ကို မေ့သွားမှာပဲ။မကြာခင်မှာ တခြားသူငယ်ချင်းတွေ ရလာလိမ့်မယ်။ ငါပြောသလိုပဲ လူတွေက ဘယ်တော့မှ လူတစ်ယောက်တည်းကို ထာဝရ သဘောမကျတတ်ဘူးလေ"

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now