Chapter 72

441 86 1
                                    

Chapter (72)




"ဝမ်ချန်! ၀မ်ချန်!!!"

လော့၀မ်ချန်သည် အနားကပ်လာသော လုချုံကို လက်တစ်ဖက်ဖြင့်တားကာ တစ်ဖက်လှည့်၍ ထပ်မံအော့အန်လိုက်သည်။ ပျို့အန်ခြင်းက အလွန်ပြင်းထန်သဖြင့် သူ၏အစာအိမ်တစ်ခုလုံးတောင် အန်ထွက်လုနီးပါး။နောက်ဆုံးမှာတော့ သူထပ်မအန်နိုင်တော့ချေ။ သူသည်ဒူးထောက်ထားရင်း ထိန်းချုပ်မရစွာ တုန်ရီလာကာ မျက်လုံးထဲကနေမျက်ရည်များစီးကျလာခဲ့သည်။

လုချုံက သူ၏နောက်ကျောကိုပုတ်ပေးနေပြီး သူတည်ငြိမ်သွားသောအခါမှ အစေခံဆီကရေဘူးကိုယူ၍

"ပလုတ်ကျင်းလိုက်ဦး"

လော့၀မ်ချန်သည် ရေဘူးကိုယူ၍နှစ်ကြိမ်ပလုတ်ကျင်းလိုက်ပြီးနောက် မျက်နှာသုတ်ပဝါကိုယူကာသုတ်လိုက်သည်။ ပျို့အန်ပြီးသည့်နောက် အချိန်အတော်ကြာမှ လုချုံ၏ဖိနပ်နှင့်ဘောင်းဘီရှည်များ ညစ်ပတ်သွားကြောင်းသိလိုက်ရသည်။

"တောင်းပန်ပါတယ်"

သူ့အသံကနှာသံပါနေခဲ့သည်။ မျက်လုံးများကနီရဲနေပြီး မျက်နှာတစ်ခုလုံးကလည်းနီးမြန်းနေ၏။ ကြည့်ရတာအလွန်သနားစရာကောင်းနေသည်။ လုချုံသည် အစေခံသန့်ရှင်းရေးလုပ်နေသည့် နေရာကနေ ခေါ်သွားလိုက်ပြီး သူ့မျက်နှာကိုထိလိုက်သည်။

"နေလို့ကောင်းသွားပြီလား။ ကိုယ်တောင်းပန်ပါတယ်။ ကိုယ်မင်းကိုဒါမပြောပြလိုက်သင့်ဘူး"

"အဲ့တာခင်ဗျားနဲ့မဆိုင်ပါဘူး။ ကျွန်တော်အခုအဆင်ပြေသွားပါပြီ၊ သွားပြီးသန့်ရှင်းလိုက်ဦလေ"

"အဲ့တာဆိုမင်းခဏလောက်ထိုင်လိုက်ဦး၊ ကိုယ်မကြာခင်ပြန်လာခဲ့မယ်"

လုချုံက သူ့ကိုကြည့်ကာ စိုးရိမ်တကြီးသတိပေးလာသည်။

"ကျွန်တော်အဆင်ပြေပါတယ်။ ခင်‌‌ဗျားလုပ်စရာရှိတာလုပ်ပါ"

လော့၀မ်ချန်သည် လုချုံအပေါ်ထပ်တက်သွားသည်ကိုကြည့်ပြီး ဆိုဖာပေါ်တွင်ထုံထိုင်းစွာထိုင်ချလိုက်သည်။ ခဏလောက်ကြာမှ သူ့အ၀တ်အစားတွေကလည်းညစ်ပတ်နေပြီး အနံအသက်မကောင်းကြောင်းသတိပြုမိလိုက်သည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now