''ဒီလိုအရာတွေက အားနည်းနည်းလောက် စိုက်ထုတ်ပြီး စစ်ဆေးကြည့်လိုက်ရုံနဲ့ ရှာတွေ့နိုင်တယ်လေ။ဒါပေမဲ့ ကာယကံရှင်ကိုယ်တိုင်မှ သိမဲ့ဟာမျိုးလဲ ရှိနိုင်တာပေါ့။ ဒီတော့ အဲ့အချိန်တုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ ကိုယ့်ကို ပြောပြပါဦး''
လော့ဝမ်ချန်က ခဏလောက်တွေးလိုက်ပြီး သူ့အတွေးများကို ပိုင်းခြားပြီးနောက် ပြောလာသည်။
''အဲ့တုန်းက လော့ဝမ်ကျွင်းရောက်လာတာ ခြောက်လလောက်ပဲရှိဦးမယ်။ အပေါ်ယံမှာ သူက အရမ်းကြင်နာတတ်ပြီးကြောက်တတ်ပေမဲ့ လော့ခိုင်းဖန်းနဲ့လော့ဝမ်ဟောင် မမြင်ကွယ်ရာမှာတော့ ကျွန်တော့်ကို စကားအမျိုးမျိုးနဲ့သွေးထိုးလှုံ့ဆော်ခဲ့တာ။ကျွန်တော် သူနဲ့ခဏခဏရန်ဖြစ်ရတယ်။ အဲ့ဒီနေ့ကတော့ တစ်ယောက်ယောက်က ကျွန်တော့်ကို အရက်ထွက်သောက်ဖို့ခေါ်ခဲ့တယ်''
လော့ဝမ်ချန် လုချုံအား ရှက်ကိုးရှက်ကန်းနှင့် တစ်ချက် ကြည့်လိုက်ရင်း
''အဲ့တုန်းက ကျွန်တော်အပါအဝင် ဟိုင်နဥ်မြို့က သခင်လေး လေးယောက်လို့လူသိများကြတဲ့ အခြားသုံးယောက်နဲ့ပေါ့။ အရက်သောက်ကြပြီးတော့ ကျွန်တော် အရမ်းစိတ်ကြွနေခဲ့တာ။ လူအများကြီးရှေ့မှာ လော့ဝမ်ကျွင်းကို သတ်ပစ်မယ်လို့တောင် လေလုံးထွားနေခဲ့သေးတယ်။
ဖြစ်ချင်တော့ ကျွန်တော် အပြင်ထွက်လာတဲ့အချိန်မှာ လော့ဝမ်ကျွင်းနဲ့ ဟန်ယင်ကို မြင်လိုက်ရတယ်။ကျွန်တော် ဘာတွေတွေးမိနေလဲ မသိတော့ပါဘူး။ ကျွန်တော့်စိတ်အခြေအနေက မူမှန်မနေခဲ့ဘူး။ ကားထဲရောက်တာနဲ့ ကားစက်နှိုးပြီး မောင်းသွားတာပဲ။
တကယ်တော့ ကျွန်တော်သူ့ကို ခြောက်ရုံလေးပါပဲ။ ဒါပေမဲ့ ပုံမှန်ဆိုကောင်းနေတဲ့လီဗာက ဗွေဖောက်လာပြီး မူမမှန်တော့ဘူး။ လီဗာကို နင်းနင်းချင်းမှာပဲ အရှိန်က တအားမြန်သွားပြီးတော့တစ်ရာကျော်သွားတယ်။ ပြီးတော့ ဟန်ယင်ကို တိုက်မိသွားတော့တာပဲ''
ပြောရလျှင်ဖြင့် သူဟာ ထိုကိစ္စမှာ တမင်တကာကြံရွယ်ထားခဲ့သူပင်ဖြစ်သည်။ ခြောက်ရုံသက်သက်ဆိုသော်ငြား ထိုအချက်ကြောင့်ပင်တရားခွင်၌ သူ့ကိုယ်သူ မချေပနိုင်ခဲ့သလို ခုခံခွင့်လည်း မရခဲ့ပေ။
YOU ARE READING
ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]
Romanceစာရေးသူ : ရှီးသချင် Genre: Drama Fantasy Psychological Romance Shounen Ai Supernatural All are belong to original author. Also picture credits to original owner.