Chapter 48

1.7K 249 2
                                    

လော့၀မ်ချန် ထိုအတွေးများကို လွှင့်ပစ်လိုက်ပြီး ဖက်ထုပ်များနှင့်အတူ ရှေ့ကို လျှောက်သွားလိုက်သည်။

"ဟုတ်ပ နောက်တစ်နှစ် ကုန်သွားပြန်ပြီ။ ဖက်ထုပ်စားပါဦးလားလူကြီးမင်း။ နှစ်သစ်ကူးအကြိုညမှာ မိသားစုစုံညီညစာစားပွဲ မလုပ်တောင် ဖက်ထုပ်ကိုတော့ အမြဲစားရမယ်လေ"

လုချုံက သူ့ကို မော့ကြည့်လာသည်။ သူ့အကြည့်တွေက လော့၀မ်ချန် စိတ်ကူးထားသလောက် မအေးစက်ဘဲ နည်းနည်းတောင် နွေးထွေးနေသည်။

"ဆောရီး။ ကိုယ်က စုံညီညစာစားတဲ့အလေ့အထမရှိဘူး။ အိမ်ကနည်းနည်းအေးစက်နေလို့လား။ မင်း လောင်တင်းတို့ရယ်၊ တခြားသူတွေနဲ့ရယ် ညစာစားပွဲကြီး လုပ်ချင်လုပ်ကြလေ"

လော့၀မ်ချန် ပြုံးပြီးပြောလိုက်သည်။

"နှစ်သစ်ကိုကျင်းပရမယ်၊ မကျင်းပရဘူးဆိုတာက ထုံးတမ်းအစဥ်အလာကြောင့်မဟုတ်ပါဘူး။ အချိန်ကောင်းပိုင်ချင်ရင် ဓလေ့ထုံးတမ်းတွေမပါဘဲနဲ့တောင် အချိန်ကောင်းလေး ရတယ်။ ဒါပေမဲ့ အချိန်ကောင်းတွေကိုမလိုချင်ဘူးဆိုရင် ပွဲတော်တစ်ခုပြင်ဆင်ထားရင်တောင် အဲ့တာကအတုအယောင်တစ်ခုပဲဖြစ်သွားမှာ"

သူ လုချုံကိုကြည့်ပြီး ပြောလိုက်၏။

"လူကြီးမင်းမရှိရင် ဒါတွေကအဓိပ္ပါယ်မရှိတော့ဘူးလေ"

သူပြောပြီးခါမှ ဒီစကားတွေက လုချုံကို အပြစ်တင်နေသလိုမျိုး နည်းနည်းတစ်မျိုးတစ်မည်နိုင်သလို ခံစားလိုက်ရတာကြောင့် အခြေအနေကိုပြင်ဖို့ အမြန်ပြန်ပြောလိုက်ရသည်။

"ကျွန်တော်လည်း စုံညီညစာ တစ်ခါမှမစားဖူးဘူး။ဒီတိုင်း နွေဦးပွဲတော်အစီအစဥ်တွေကြည့်ပြီး ဖက်ထုပ်တွေသာစားခဲ့တာ"

သူဖက်ထုပ်များကို ကော်ဖီစားပွဲပေါ်တင်လိုက်ရင်း

"လူကြီးမင်း၊ ကျွန်တော့်ရဲ့လက်ရာကို စမ်းကြည့်ပါဦး။ ဒါတွေကိုကျွန်တော်ကိုယ်တိုင်လုပ်ထားတာပါ"

လုချုံက ဘာမှပြန်မပြောမီ၊ သူ့ပေါင်ပေါ်ရှိ ကြောင်ကြီးကတော့ မျက်လုံးများပွင့်လာကာ ကော်ဖီစားပွဲဆီကိုနှာရှုံ့ရင်း လော့၀မ်ချန်ထံ သူမ၏ လက်ဖဝါးများကို ဆန့်ထုတ်လာလေသည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now