''စကားမစပ် အခွင့်ထူးခံကျောင်းသားကလည်း အဲ့တုန်းက နာမည်ကြီးချမ်းသာတဲ့ကလေးတဲ့။ သူ့ကို ဒုတိယမျိုးဆက်ဘိုးဘေးလေးလို့တောင် ဖော်ပြရသတဲ့နော်။ အခွင့်ထူးခံကျောင်းသားက ဟိုင်နဉ်ရဲ့သခင်လေး လေးယောက်ဆိုတဲ့အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့သေးတာ၊ အဲ့ဒီအဖွဲ့ကအရက်လည်းသောက်တယ်။ လိုင်စင်မရှိဘဲလည်းကားမောင်းတယ်၊ အုပ်စုဖွဲ့ရန်ဖြစ်ပြီးတော့ သူတို့လုပ်ချင်တာသူတို့လုပ်ကြတာပဲ။ သူတို့ရဲ့အမှတ်တွေကဆိုးရွားလွန်းတာများ နောက်မှာ နံရံပဲရှိတော့တယ်တဲ့လေ။ ဒီမှာ လင့်ခ်..အခွင့်ထူးခံကျောင်းသားရဲ့ အရင်တုန်းကကျောင်းမှတ်တမ်းတွေပဲ''
ရေးသားထားသည့် အခွင့်ထူးခံကျောင်းသား၏ မကောင်းမှုစာရင်းထဲက အရက်စွဲခြင်းဆိုတာမျိုးကတော့အမှားကြီးပင်။ လော့ဝမ်ချန်သည် မွေးကတည်းက အရက်ဒဏ်ခံနိုင်ရည်နည်းပေသည်။ သူအရက်တွေရောစပ်ရတာကို နှစ်သက်ပေမဲ့ အရက်သမားတော့မဟုတ်ချေ။ သူအမူးလွန်ခဲ့ဆုံးအချိန်က ကားမတော်တဆမှုမဖြစ်ခင်ကဖြစ်ပေမဲ့ ထိုအချိန်တုန်းက အလွန်အကြူးမသောက်ထားခဲ့ပေ။ သူ၏သောက်စရာထဲမှာ တစ်ခုခုထည့်ထားခဲ့တာပင်ဖြစ်လောက်သည်။
မှောင်မိုက်သောအတိတ်ဇာတ်လမ်းများ ရှိခဲ့သည်ကတော့အမှန်ပင်။ ဥပမာအားဖြင့် လော့ဝမ်ချန်သည် ပြိုင်ကားမောင်းတာကို နှစ်သက်၏။သို့သော်လည်း သူကိုယ်တိုင်တော့မောင်းတာ ရှားသည်။ အများအားဖြင့် သူ၏အမည်ခံသူငယ်ချင်းများနှင့်သာသွားလေ့ရှိသည်။ သူတို့ကားမောင်းပြိုင်ကြသည့်အခါ သူကလောင်းကြေးထပ်လေသည်။
လူစု၍ ရန်ဖြစ်တာကတော့ ရှိခဲ့သည်ဟုဆိုရရုံသာပင်။ထိုစဥ်က သူသည် ပဋိပက္ခတစ်ချို့ကြောင့် လူတစ်စုနှင့် ရန်ဖြစ်ရန် သုံးရက်ကြာဦးဆောင်ခဲ့သော်လည်း သူကိုယ်တိုင်ကတော့ ပါဝင်ခြင်းမရှိဘဲ ဘေးကနေကြည့်နေခဲ့တာကများသည်။ ထိုလူများက သူ့ကိုရန်ပွဲအတွင်းသို့ ဆွဲထည့်ရန်သတ္တိမရှိကြပေ။ သူမတော်တဆထိခိုက်မိသွားပါက ဒုက္ခရောက်သွားမည်မှာ သူတို့ပင်ဖြစ်သောကြောင့်ပင်။
မူရင်းပို့စ်တင်သည့်သူက ဗုံးကြဲချခဲ့ပြီးနောက် ထိုပို့စ်အောက်တွင် ထင်ကြေးနှင့်မကောင်းသောမှတ်ချက်အများအပြားရှိနေပြီဖြစ်သည်။ တစ်ဖန် မူရင်းပို့စ်တင်သူဟာ စကားခေါင်းစဥ်ပြောင်း၍ ကောင်းကင်ဘုံဥပဒေဟာ ဒဏ်ခတ်ပေးသည်ဟူသော စကားထပ်ထည့်လာပြန်ရာ ဒုတိယမျိုးဆက်ဘိုးဘေးက မင်းသားအတုအယောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့သည်။
YOU ARE READING
ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]
Romanceစာရေးသူ : ရှီးသချင် Genre: Drama Fantasy Psychological Romance Shounen Ai Supernatural All are belong to original author. Also picture credits to original owner.