Chapter 68

419 78 1
                                    



လော့၀မ်ချန်ကို ယခုလိုတွေ့လိုက်ရချိန်၌ လုချုံသည် မနေနိုင်စွာဖြင့်ပင် ရင်ခွင်ထဲဆွဲသွင်းလိုက်တော့သည်။ ရက်ပေါင်းများစွာ သူခံစားနေခဲ့ရသော ကြောက်ရွံမှုသည် နောက်ဆုံးတော့ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ သူ ဆို့နင့်မတက်ဖြစ်နေကာ ပြောလိုက်သည်။

"မင်းပြန်လာပြီပဲ။ ကောင်းလိုက်တာ"

လော့၀မ်ချန်က မျက်တောင်ခတ်ကာ လက်ကို လုချုံ၏နောက်ကျောတွင်ထားလျက်ပုတ်ပေးလိုက်ပြီးမှ အပြုံးနှင့်အတူ တွန်းထုတ်လိုက်သည်။

"ကျွန်တော်လျှောက်သွားပြီးတော့ ကြည့်ချင်တာတွေ အများကြီးရှိတယ်လို့ မပြောခဲ့ဘူးလား။အဲ့တာက ကိစ္စကြီးမဟုတ်ပါဘူး။ ခင်ဗျားကကျွန်တော့်ကို ရှာဖို့အတွက် တစ်နိုင်ငံလုံးကို ရှုပ်ရှက်ခတ်အောင်လုပ်နေတာပဲ"

လုချုံ၏စိတ်အားထက်သန်ပျော်ရွှင်နေမှုသည် လော့၀မ်ချန်၏ အရေးမကြီးသလို ခပ်ပေါ့ပေါ့အပြုအမူကြောင့်တန့်သွား၏။ ခဏလောက်နေတော့ သူမေးလိုက်သည်။

"ဒီတစ်ခေါက်ပြန်လာပြီးရင်ရော မင်းထပ်ထွက်သွားဦးမှာလား"

"မသေချာပါဘူး။အခြေအနေအရပေါ့။ ဘာပဲဖြစ်ဖြစ် ခင်ဗျားသိတဲ့အတိုင်းပဲ..ကျွန်တော့်ရဲ့ရည်မှန်းချက်က ဘာကန့်သတ်ချက်မှမရှိဘဲ ကမ္ဘာကြီးကိုလှည့်ပတ်ပြီးခရီးသွားချင်တာလေ"

လော့၀မ်ချန်သည် အဝေးတွင်ရှိသော သဘာ၀ရှုခင်းတွေနှင့်လှပသော တောင်ကြီးကိုညွှန်ပြလိုက်သည်။ ထို့နောက် လေအေးတွေကိုကာလိုက်သလိုဖြင့် သူ၏ကော်လာကိုဆွဲတင်လိုက်၏။

"စကားမစပ် ကားတိုက်ခံရမှုရဲ့ အကြောင်းအရင်းကိုခင်ဗျားရှာတွေ့ပြီလား။အဲ့တာကမတော်တဆလား ဒါမှမဟုတ် တစ်ယောက်ယောက်က ခင်ဗျားကိုသတ်ဖို့ကြိုးစားခဲ့တာလား"

လုချုံသည် သူ၏လှုပ်ရှားမှုများကိုသတိပြုမိပြီး သူ့မျက်လုံးတစ်ချက်လက်သွားကာ ကုတ်အင်္ကျီကိုချွတ်၍ လော့၀မ်ချန်ကိုခြုံပေးလိုက်သည်။ ‌အခြအနေကိုအခွင့်ကောင်းယူပြီး လော့၀မ်ချန်၏လက်ကိုလည်းကိုင်လိုက်၏။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now