Chapter (33)

2.3K 291 3
                                    


 
ဟိုင်နဉ်အနုပညာတက္ကသိုလ်ဟာ အလွန်လှပသော ကျောင်းပင်။

တနင်္လာနေ့မနက်မှာတော့ လော့၀မ်ချန်သည် ကျောင်းသို့ သတင်းပို့ရန် ရောက်လာခဲ့ပေသည်။

သူ ကားပေါ်မှဆင်းကာ ခရီးဆောင်အိတ်ကြီးတစ်လုံးကို ယူ၍ခေါင်းလှည့်လိုက်ပြီးနောက် ကားပေါ်ရှိလူအားပြောလိုက်သည်။

 " လူကြီးမင်း ကျွန်တော်အရင်သွားလိုက်ပါဦးမယ် "

ကားပေါ်မှာထိုင်နေသောလုချုံက စကားဆိုလာ၏။

" ကိုယ်မင်းနဲ့ တကယ်ပဲ အဖော်လုပ်ပေးစရာ မလိုဘူးလား။ဒါမှမဟုတ် ကျောင်းဖောင်ဖြည့်တာတွေကို တစ်ယောက်ယောက်ကို လုပ်ခိုင်းလိုက်ရမလား "

လော့၀မ်ချန်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။

 “ ကျွန်တော်အသက် 21 နှစ်ရှိပါပြီ၊ ကလေးမဟုတ်တော့ပါဘူး။ ကျွန်တော့်ဘာသာလုပ်နိုင်ပါတယ် "

လုချုံ ခေါင်းညိတ်ပြလိုက်သည်။

 " မင်းတစ်ခုခုလိုအပ်ရင်ကိုယ့်ကိုခေါ်လိုက်။ ပိတ်ရက်ကျ  မင်းကိုလာကြိုပေးဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ် "

" ကျေးဇူးတင်ပါတယ်လူကြီးမင်း၊ ဒါပေမဲ့ ကျွန်တော်ဘာသာပဲ ပြန်လာပါ့မယ်။ ဒါဆို နောက်မှတွေ့ကြမယ်နော် လူကြီးမင်း "

လော့၀မ်ချန်သည် ကားမောင်းထွက်သွားသည်ကို ကြည့်ပြီးသူ့နှလုံးသားထဲတွင် အနည်းငယ် နွေးထွေးသွားရသည်။ လုချုံက သူ့ကိုလူကိုယ်တိုင် ကျောင်းလိုက်ပို့ဖို့ မမျှော်လင့်ထားပေ။ ထိုသူက လမ်းကြုံ၍ဟုသာ ပြောပေမဲ့ သူကတော့ လုချုံတမင်လိုက်ပို့တာမှန်း ခံစားမိလေသည်။

သူခေါင်းမော့ပြီး ဟိုင်နဉ်အနုပညာတက္ကသိုလ်၏ တံခါးပေါက်ကြီးကို လှမ်းကြည့်လိုက်သည်။

ပြောင်လက်လက် စာလုံးကြီးများသည် နေရောင်အောက်တွင် တောက်ပစွာ လင်းလက်နေပြီး လော့၀မ်ချန်၏ မျက်လုံးများမှာလည်း နေရောင်ထဲတွင်တောက်ပနေလေသည်။

ပြန်လည်မွေးဖွားလာကတည်းက သူ့အနေဖြင့် တက္ကသိုလ်တက်ဖို့ရာ မမျှော်လင့်ထားခဲ့မိပေ။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now