Chapter 59

1.5K 232 11
                                    

ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေ၏။ လော့ဝမ်ချန်သည် ခဏစောင့်ပြီးနောက် ပြောလိုက်ပြန်သည်။

''ဆက်ပြီး ပုန်းနေချင်တုန်းလား? ''

ခဏမျှကြာသော် ပုံရိပ်တစ်ခုက အရိပ်ထဲမှ ထွက်လာလျက်

"သခင်လေးလော့"

သူသည် ခေါင်းလှည့်လိုက်ပြီး တစ်ဖက်လူအား ကြည့်လိုက်သည်။

''တကယ်ပဲ ခင်ဗျားကိုး...ကျိုးချန်။ ခင်ဗျားကျွန်တော့်နားရှိနေတာ ဘယ်လောက်ကြာပြီလဲ?''

ကျိုးချန်က မဖြေခဲ့ချေ။

လော့ဝမ်ချန်သည်လည်း ထိုအဖြေအားရရန် မလိုအပ်ချေ။

သူ ဟိုင်နဥ်မြို့မှ ထွက်လာကတည်းက လိုက်လာသည်လည်း ဖြစ်နိုင်သည်။ သူကလည်းရောက်နေသည့်နေရာအား တမင်တကာ ဖုံးကွယ်ခဲ့သည့်မဟုတ်ပေ။ လိုအပ်သည့်နေရာတိုင်း မှတ်ပုံတင်အသုံးပြုလေ့ရှိသည်။ အကြောင်းမူ ပုန်းကွယ်နေရန်မလိုအပ်ဟု သူခံစားမိသောကြောင့်ပင်။

အကယ်၍တစ်ယောက်ယောက်သာ သူ့အားရှာချင်ပါက သူဂရုတစိုက် ပုန်းနေပါလျှင်တောင် နေရာတိုင်း၌ သူ့အားရှာတွေ့ကြမည်ပင်။

သို့သော် သူ့နဂိုအတွေးသည်က လုချုံသည် သူ့အားလိုက်ရှာလိမ့်မည် မဟုတ်ဟူ၍ ဖြစ်သည်။

ထိုလူကြီးသည် သူထင်ထားသည်ထက်ပို၍သံယောဇဥ်ကြီးကာ ပို၍စိတ်နှလုံးသား နူးညံ့လှပေသည်။

လော့ဝမ်ချန်သည် အတွေးထဲ၌ အတန်ငယ်နစ်မြောသွားပြီးနောက် ကျိုးချန်အားမေးလိုက်သည်။

''ခင်ဗျား ကျွန်တော့်ကို ကျန်းချီဟွေးနဲ့ဆုံအောင်လုပ်ပြီး ဒီမြို့က မူလတန်းကျောင်းမှာ ဆရာဖြစ်လာဖို့ စီစဥ်ပေးထားတာလား''

''ကျန်းချီဟွေးကားပေါ်မှာ လိုက်စီးမိတာက တကယ့်ကို တိုက်ဆိုင်မှုသက်သက်ပါပဲ။ဆရာလုပ်ဖို့အပိုင်းကတော့ ကျွန်တော်တို့စီစဥ်ထားတာ''

ကျိုးချန်က မော့ကြည့်ပြီး မေးလာသည်။

''မင်း ဘယ်လိုသိတာလဲ? ''

''ခင်ဗျားစီစဥ်တာက အဆင်ပြေပါတယ်။ဒါပေမဲ့ ကျောင်းက ကျောင်းအုပ်နဲ့ ဆရာတွေက သရုပ်ဆောင်မကောင်းဘူး''

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now