Chapter 65

1.8K 240 7
                                    

ပစ္စည်းများအားလုံးကြမ်းပြင်ပေါ် ကျသွားခဲ့ကြသည်။

ဘယ်သူကမှကောက်ပေးဖို့သတ္တိမရှိကြပေ။ ထိမှန်ခံလိုက်ရသည့် လူတွေကလည်း ဘာတစ်ခွန်းမှမပြောရဲသလို လှုပ်လည်းမလှုပ်ရဲကြပေ။ စာကြည့်ခန်းက အလွန်တရာကိုတိတ်ဆိတ်နေပြီး လူတိုင်း၏လေးလံသော အသက်ရှုသံများသာကြားနေရသည်။

ဤအချိန်တွင် လုချုံသည် လူတွေကိုဖျက်ဆီးဝါးမြိုတော့မည့် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်နှင့်တူနေပြီး သူနောက်ထပ် ဘယ်သူ့ကိုဖမ်းဆွဲပြီး သတ်ပစ်လိုက်မှာလဲဆိုတာ ဘယ်သူမှမသိကြပေ။

အချိန်အတော်ကြာပြီးနောက် လုချုံ မျက်လုံးများကိုမှိတ်လိုက်ပြီး နောက်ဆုံးတွင် သူ၏ဒေါသများကိုဖိနှိပ်ကာ ဆက်ပြောလိုက်သည်။

 "ငါ့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စက မင်းတို့အလုပ်မဟုတ်ဘူး။ ပြီးတော့ မင်းတို့၀င်စွက်ဖက်စရာလည်းမလိုဘူး။  မင်းတို့ ကိုယ့်အလုပ်ကိုလုပ်နေရင် ငါမင်းတို့ကို ဆိုးဆိုးရွားရွား ဆက်ဆံမှာမဟုတ်ဘူး။ ဒါပေမဲ့ ငါ့လူကိုတော့ တစ်ယောက်ယောက်က လာရှုပ်ခဲ့ရင် ရိုင်းပြတဲ့အတွက် ငါ့ကိုအပြစ်မတင်နဲ့"

သူအေးစက်ပြီး ကျယ်လောင်စွာပြောလိုက်သည်။

"မှတ်ထား ဒါကသတိပေးတာပဲ!"

လူတိုင်းခေါင်းညိတ်လိုက်ကြ၏။

"မင်းတို့လာခဲ့တဲ့ နေရာကိုပြန်သွားပြီး လုပ်စရာရှိတာကို လုပ်ကြတော့။ မင်းတို့မပြောသင့်တဲ့စကားကိုမပြောနဲ့။ လင်စုနေခဲ့"

 လင်စုသည် ခြေတစ်လှမ်းလှမ်းရုံရှိသေး ထိုစကားကြားရချိန်မှာ သူ့မျက်နှာကဖြူစုတ်သွားတော့သည်။ သူသည်  လျိုဝေကျစ်၊ ကျိုးယိရှန်းတို့လို လူကြီးမင်းအနားမှာနေပြီး အလုပ်လုပ်ချင်ခဲ့တာ ဖြစ်သော်လည်း သူက အတွေ့အကြုံ လုံ‌လုံလောက်လောက်မရှိဘဲ အရည်အချင်းမပြည့်မှီခဲ့ပေ။ အခုနောက်ဆုံးတော့ အခွင့်အရေးကရောက်လာပြီဟု ထင်ရသော်လည်း သူပျော်ရွှင်စိတ်လှုပ်ရှားမှု တစ်စိုးတစ်စိမျှ မခံစားရပါချေ။

လုချုံသည် ခဏတာလောက် လင်စုကို စိုက်ကြည့်ပြီးမှ ပြောလိုက်သည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now