Chapter (28)

944 190 2
                                    


နောက်နှစ်ရက်အထိ လော့၀မ်ချန်သည် ပန်းချီဆွဲရင်း၊ စာဖတ်ရင်း၊ ကြောင်နှင့်အတူကစားရင်းဖြင့်သာ ဗီလာတွင်နေခဲ့လေသည်။ ထင်ထားသည့်အတိုင်း လော့၀မ်ဟောင်ဟာ ဗီလာသို့ ထပ်လာကာ နှစ်ရက်ဆက်တိုက်ရှိခဲ့ပေမဲ့ လော့၀မ်ချန်ကတော့သူနှင့်မတွေ့ခဲ့ချေ။

သုံးရက်မြောက်နေ့တွင် ဦးလေးတင်းသည် သူ့လက်ထဲတွင်တစ်ခုခုကိုင်ထားပြီး ပြန်လာခဲ့လေ၏။

" လူကြီးမင်းလော့၊ လော့၀မ်ဟောင်က ဒီစာကို မင်းကိုသေချာပေါက်ပေးဖို့ ဦးလေးကိုပြောလို့"

လော့၀မ်ချန်ကြည့်လိုက်တော့ ဖိတ်စာနှစ်ခုဖြစ်ကြောင်းမြင်လိုက်ရသည်။ သူ့ဖွင့်ကြည့်လိုက်တော့ လုချုံအတွက် မနက်ဖြန်ညမှာ ပြုလုပ်ပေးမည့် ကြိုဆိုဧည့်ခံပွဲ ဖြစ်နေလေ၏။ သူ့အား တက်ရောက်ဖို့ဖိတ်ကြားထားခြင်းပင်။

နောက်ထပ်စာတစ်စောင်ကတော့ ဇာတ်လိုက်ကျော်ဖြစ်သည့်လုချုံအတွက် ဖြစ်သည်။

" ကြိုဆိုဧည့်ခံပွဲလား။လူကြီးမင်းလုကရောအဲ့ဒီကိုသွားမှာလား "

" အဲ့တာကတော့ လူကြီးမင်းကို မေးကြည့်ရဦးမှာပါ"

လွန်ခဲ့သောနှစ်ရက်က လုချုံဟာ နေ့လည်တိုင်းတွင် အပြင်ထွက်လေ့ရှိ၏။ လော့၀မ်ချန်ဟာ သည်နေရာမျိုးမှာ လူသစ်ဖြစ်တာကြောင့် လိုက်သွားလျှင်လည်း ဝန်ထုပ်ဝန်ပိုးသာ ဖြစ်နေမည်သာဖြစ်ရာ အိမ်တွင်သာ တိတ်တဆိတ်နေခဲ့လေသည်။ ထို့အပြင်လုချုံဟာ အပြင်ကပြန်လာတိုင်း စိတ်အခြေအနေကောင်းမနေကြောင်းကိုတွေ့ရတာကြောင့် သူ့ကိုစိတ်အနှောင့်အယှက်မဖြစ်စေချင်ပေ။

" အဲ့တာဆို လူကြီးမင်းလုပြန်လာတဲ့အခါကျမှပြောတာပေါ့၊ သူပြောတဲ့အတိုင်းပဲ ကျွန်တော်လုပ်မယ် "

ဦးလေးတင်းသည် ဖိတ်စာများကို ၀မ်းသာအားရ ဖယ်လိုက်သည်။

" လူကြီးမင်းက လူကြီးမင်းလော့ကို အတော်လေး တန်ဖိုးထားတာပါ။ ဒီလောက်နှစ်တွေအများကြီးကြာမှ လူကြီးမင်းတစ်စုံတစ်ယောက်ကို အိမ်ခေါ်လာပြီးကာကွယ်ပေးတာကို လောင်တင်းဘဝမှာ ပထမဆုံးမြင်ဖူးတာပါပဲ"

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now