Chapter 114 sister in law
Chapter 114December 15, 2023
( မိန်းကလေးမုန့်)ဝေ့ရွှယ်၏စကားများသည် အလွန်လိမ္မာပါးနပ်သည်။ သူမ စကားထဲ လိမ်ညာတာ တစ်ခုမှ မရှိသော်လည်း နားထောင်နေသူများကတော့ စိတ်အဆင်မပြေဖြစ်ရသည်။ မျှော်လင့်ထားသည့်အတိုင်း အဖေဝေ့နှင့်အမေဝေ့သည် သူမစကားကို နားထောင်ပြီးနောက် ပို၍ပင် မကျေမနပ်ဖြစ်သွားသည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပြီး အမေဝေ့က
"ဘာကောင်းတာလဲ...အဲဒါက တခြားယောက်ျားတွေနဲ့ လုံးထွေးနေလို့လေ..သူတို့နှစ်ယောက် ညသန်းခေါင်အပြင်ထွက်ပြီး မလုပ်သင့်တာတွေ လုပ်နေကြလားမှမသိတာ.. အဲဒါကြောင့် သူတို့ အပြစ်ပေးခံရတာ”
သူတို့သုံးယောက် ပထမထပ်ရှိ ဧည့်ခန်းတွင် စကားစမြည်ပြောကြစဉ် သိပ်မကြာခင်မှာပဲ အပေါ်ထပ်က တံခါးဖွင့်သံထွက်လာသည်။သုံးယောက်သား တစ်ချိန်တည်းမှာ ရပ်လိုက်ပြီး စကားမပြောဖြစ်ဘဲ လှေကားရင်းကို လှမ်းကြည့်လိုက်သည်။
စက္ကန့်အနည်းငယ်အကြာတွင် ဝေ့မိသားစု၏ သခင်ကြီးသည် လမ်းလျှောက်တုတ်ဖြင့် အပေါ်ထပ်မှ ဖြည်းညှင်းစွာဆင်းလာခဲ့သည်။သခင်ကြီး၏ ခြေထောက်များသည် သိပ်မကောင်းတော့သော်လည်း သူ့ခန္ဓာကိုယ်ကတော့ ဒေါင်ဒေါင်မြည်ဆဲ။သူ့မျက်လုံးများသည် တောက်ပပြီး တည်ငြိမ်အေးချမ်းသည့်အသွင်ဆောင်ကာ တစ်ဖက်လူကို လေးစားစိတ်များဖြစ်စေ၏။
ဝေ့ရွှယ်သည် အမြဲတမ်း အေးစက်စက်နှင့် မပြုံးတတ်သည့် အဘိုးကို အကြောက်ဆုံးဖြစ်သည်။သူ ဆင်းလာတာကို မြင်တော့ နှုတ်ဆက်ဖို့ မေ့သွားကာ အဖေဝေ့နှင့်အမေဝေ့ အနားတွင်သာ တိုးရပ်လိုက်မိသည်။သူမတင်မဟုတ်၊ အဖေဝေ့တောင်မှ သူ့အဖေကို အတော်ကြောက်ရသည်။ အဘိုးဝေ့ သည် ယခင်က အတော်ပင် အရိုက်ကြမ်းသူဖြစ်၍ သူ ယနေ့ထိ ရှိန်နေဆဲပင်။နောက်ဆုံးတော့ အမေဝေ့က အဘိုးဝေ့ကို ကူညီဖို့ လျှောက်သွားသည်။
"အဖေ၊ ဘာလို့ ဆင်းလာတာလဲ... လေယာဉ်ပေါ်မှာ အကြာကြီးထိုင်ရတာ ပင်ပန်းတယ်”
အဘိုးဝေ့ကို တလေးတစားမေးရင်း အဖေဝေ့က ပြုံးနေသည်။
"အဲ့ဒီကောင်မလေး ဘယ်မှာလဲ စုမုန့်လေ...ငါ သူ့ကို မတွေ့ရတာကြာပြီ...ဖုန်းလည်း မဆက်ဖြစ်ဘူး…သူမ ဖုန်းနံပါတ်ပြောင်းတာကို မင်းတို့က ငါ့ကို ဘာလို့အကြောင်းကြားတာလဲ"
YOU ARE READING
ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်
Historical FictionAfter being reborn I tortured the vicious sister in law