Chapter 111 sister in law
Chapter 111December 14, 2023
(ငါ မုန့်အာကို တစ်ကယ်လွမ်းတယ်)"မစ္စစု မင်းနောက်ကို အကြိမ်ကြိမ် လိုက်ခဲ့ပြီးတဲ့နောက် ကိုယ်သာ မင်းကို တစ်ခုခုလုပ်ချင်တယ် ဆိုရင် အခုအချိန်က အကောင်းဆုံးအချိန်ဆိုတာ ငါသိတယ်... စောစောက မင်းရဲ့ဆရာက ရှိနေတယ်...နောက်တော့ အဲဒီကောင် ဝေ့ထင် ပြန်လာမယ်...အခု မင်းဒီမှာ တစ်ယောက်တည်းဖြစ်နေတာ ဆယ်မိနစ်ကျော်လောက်ရှိနေပြီ"
ကျိုးဖုန်းက လေးလေးနက်နက် ပြောရင်း သူ့အိတ်ကပ်ထဲက ခေါက်ဓားတစ်ချောင်းကို ထုတ်ပြီး ဆော့ကစားလိုက်သည်။ခဏဆော့ပြီးနောက် သူထကာ စုမုန့် အနားသို့ လျှောက်သွားသည်။ ပြီးလျှင်၊ဓားနောက်ဖြင့် သူမ၏မေးလေးကို ပင့်မလိုက်၏။
စုမုန့် ရုန်းကန်ရန် ရည်ရွယ်ချက် လုံးဝမရှိဘဲ သူ့ကိုကြည့်နေသဖြင့် ကျိုးဖုန်း အံ့ဩကာ မျက်ခုံးပင့်လိုက်သည်။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် အကြာကြီးကြည့်နေကြပြီးမှ စုမုန့်၏ ပါးစပ်ထောင့်က အနည်းငယ် ကွေးညွှတ်သွားသည်။
"တစ်ကယ်တော့ အဲဒါ ရှင်မဟုတ်ဘူး"
"ဘယ်လိုသိသလဲ"
ကျိုးဖုန်း ဓားကို ပြန်မထည့်သေးဘဲ နှစ်ယောက်သား စောစောကလို ငြိမ်သက်လျက်ပင်။
“အဲဒီတုန်းက ကျွန်မကို ဘယ်သူမှသတိမထားမိအောင် ကောင်းကောင်း ပြန်ပေးဆွဲပြီး ကျွန်မ ထွက်ပြေးနိုင်တဲ့ လမ်းကြောင်းအားလုံးကို ဖြတ်ပစ်နိုင်ခဲ့တယ်...ရှင့်အတွက်၊ ကျွန်မကိုသတ်ရတာက ပုရွက်ဆိတ်သတ်ရတာထက် ပိုလွယ်တယ်... ရှင်သာ ကျွန်မကိုတစ်ကယ်သတ်ချင်ရင် ဘာလို့ဒီလောက်ရှုပ်ထွေးအောင်လုပ်နေမှာလဲ...ရှင် တခြားတစ်ခုအတွက် ဒီလိုလုပ်နေတာပဲ"
စုမုန့် ခေါင်းကိုမော့ပြီး ကျိုးဖုန်းကိုကြည့်နေသည်။ သူမ မျက်လုံးထဲတွင် ခံစားချက်မရှိဘဲ မေးစေ့အောက်က ဓားမဟုတ်သလို ငြိမ်သက်နေတော့သည်။
ကျိုးဖုန်း က "ဒါဆို ကိုယ်မင်းကို ပတ်ရမ်းရတဲ့ အကြောင်းရင်းက မင်းမှာ ဝေ့ထင် ရှိနေတာကြောင့်လို့ မင်းထင်ဖူးလား"
YOU ARE READING
ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်
Historical FictionAfter being reborn I tortured the vicious sister in law