chapter 108

670 65 0
                                    

Chapter 108 sister in law
Chapter 108December 12, 2023
(စုမုန့် စကားပြောသည်...)

" အစ်ကိုထင် ညီမက အစ်မစုမုန့်ကိုစိတ်ပူလို့ပါ...သူမကားမတော်တဆ ဖြစ်တယ်လို့ကြားလို့ သူမကိုစောင့်ရှောက်ဖို့လာခဲ့တာပါ...ညီမက သူမအတွက်လိုအပ်တဲ့အရာတွေကို ယူလာခဲ့တယ်...ကံကောင်းစွာပဲ အစ်မစုမုန့်ရဲ့ဒဏ်ရာတွေက အရမ်းမဆိုးပါဘူး...ကောင်းကောင်းအနားယူပြီးရင် သူမသက်သာသွားမှာပါ..."

ဝေ့ရွှယ်က စုမုန့်အပေါ် မကောင်းတဲ့စိတ်ဓာတ်တွေကို ပြောင်းလဲလိုက်ပြီး ဝေ့ထင်ကို ပြောခဲ့သလို စိတ်ပူချင်ယောင်ဆောင်နေသည်။

" ဒါပေမယ့်...."

ဝေ့ရွှယ်က သူမရဲ့မျက်ရည်တွေကို သုတ်ချင်ယောင်ဆောင်သည်။သူမက ငိုရှိုက်ပြီးပြောသည်။

" အစ်မစုမုန့်ရဲ့မျက်နှာက ဒဏ်ရာတွေကို ညီမမြင်ခဲ့တယ်...အနာဂတ်မှာ သူမရုပ်ပျက်ဆင်းပျက်ဖြစ်သွားမှာကို ညီမကြောက်တယ်...အဲ့ဒါက တကယ်သနားစရာပဲ...အစ်မစုမုန့်က တကယ် အရမ်းလှတာပါ...သူမရဲ့မျက်နှာသာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ..."

စုမုန့်က အိပ်ရာပေါ်မှာ လှဲပြီး ဝေ့ရွှယ်ရဲ့စကားတွေကို နားထောင်နေသည်။သူမ အန်တောင်အန်ချင်လာသည်ထိုမိန်းမက အမှန်တကယ် သူတော်ကောင်းယောင်ဆောင်နေသည်။သူမဟန်ဆောင်ကောင်လွန်းသည်။သူမမရှက်ဘူးလား...အရှက်မရှိသောလူများသည် ကမ္ဘာပေါ်တွင် မကျရှုံးတတ်ကြပေ...

ဝေ့ထင်က စုမုန့်၏အိပ်ရာဘေးရှိ စားပွဲပေါ်က အာဟာရမုန့်ထုတ်များကို ကြည့်နေသည်။

" မစ္စတာဝေ့ ငါ စုမုန့်ကို ဂရုစိုက်လိုက်ပါ့မယ်...မင်းသူမကို စိုးရိမ်စရာမလိုပါဘူး...သူမရဲ့ခန္ဓာကိုယ်ပြန်ကောင်းလာရင် မင်းကိုကျေးဇူးတင်စကားပြောခိုင်းလိုက်ပါ့မယ်...မင်းမြန်မြန်သွားပြီး ကိုယ့်အလုပ်ကိုလုပ်သင့်ပြီ..."

ကောရှန်းက ဝေ့ထင်လက်ထဲက ပစ္စည်းတွေကို ယူလိုက်သည်။ဧည့်သည်ကို မောင်းထုတ်ချင်နေသည်မှာ သိသာလွန်းနေသည်။

စုမုန့်က ဝေ့ထင်ကို အမြဲတမ်းမုန်းနေသည်ဆိုတာ သူသိသည်။ယခုအချိန်တွင် သူမ အေးအေးဆေးဆေးကုသမှုခံရန် လိုအပ်သည်။ထိုလူနှစ်ယောက်ကို သူမရှေ့မှာ နေ့တိုင်းလမ်းလျှောက်ခွင့်ပေးမယ်ဆိုလျှင်  သူမဘယ်အချိန်မှပြန်ကောင်းလာမလဲဆိုတာ ဘယ်သူသိမလဲ...

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now