chapter 127

184 27 0
                                    

Chapter 127 sister in law
Chapter 127December 21, 2023
(အချစ်ပြိုင်ဘက်ကို ရှာတွေ့အောင် လုပ်ရမယ်...)

အဖေဝေ့၏ အမည်အောက်တွင် သနားစရာကောင်းသော အစုရှယ်ယာအနည်းစုသာ ရှိပြီး ရှယ်ယာအများစုမှာ အဘိုးဝေ့၏ လက်ထဲတွင် ရှိနေသည်။ အဘိုးဝေ့သည် အစုရှယ်ယာအားလုံးကို အဖေဝေ့ထံ လွှဲပြောင်းမပေးချင်ဘဲ ဝေ့ထင်ထံ တိုက်ရိုက်လွှဲပြောင်းပေးလိုသည်။

အဘိုးဝေ့က သူတို့တွေ ဘာတွေတွေးနေမှန်း သိနေတာကြောင့်  သူက ယဉ်ကျေးစွာပြောခြင်းဖြစ်သည်။ ထို့နောက် စုမုန့်အား လူတိုင်းနှင့် မိတ်ဆက်ပေးသည်။ 

“ဒါက ဝေ့ထင်ရဲ့ ဇနီး..ငါ့မြေးမ စုမုန့်....ငါ့သူငယ်ချင်းတော်တော်များများက သူမကို မသိတော့ ငါက မိတ်ဆက်ပေးတာ"

အဘိုးဝေ့ က သူမကို မိတ်ဆက်ပြီးသည်နှင့်၊ထိုလူများက စုမုန့်ကို ချီးကျူးကြသည်။ 

"မစ္စစုမုန့်က တစ်ကယ်လှတာပဲ...သူမဟာ ဥက္ကဌဝေ့အတွက် ပြီးပြည့်စုံတဲ့ ဇနီးကောင်းတစ်ယောက်ပါ"

“ဟုတ်ပါတယ်၊ မစ္စစုက ဝေ့ထင် သဘောကျနိုင်တဲ့ ထူးခြားချက်တွေ အများကြီးရှိရမယ်...တစ်ကယ်ကို အားကျစရာကောင်းပါတယ်"

စုမုန့်ကို ပတ်ဝန်းကျင်က လူတွေ တစ်ယောက်ပြီး တစ်ယောက် ချီးမွမ်းနေသဖြင့် ဝေ့ရွှယ် စိတ်မသက်မသာဖြစ်လာရ၏။ထိုအချိန်တွင် သူမ၏ ယောက်ျားလေး သူငယ်ချင်း တစ်ယောက်က လာပြီး သူမ နားကိုကပ်ကာ  တိုးတိုးလေးပြောသည်။

"ဝေ့ရွှယ်၊နင့်မှာ အရမ်းလှတဲ့ ယောင်းမ တစ်ယောက် ရှိနေတာကို ဘာလို့ သူမကို ငါတို့နဲ့ မိတ်ဆက်မပေးတာလဲ…ဘာလို့လဲ...ငါက သူမကို မျက်စိကျမှာ ကြောက်လို့လား"

ထိုလူက တော်တော်ကြည့်ကောင်းသည်။သို့သော် မျက်နှာက ခင်ချင်စရာမကောင်းပေ။အဆီတဝင်းဝင်းနှင့် လူကောင်းပုံမျိုးမဟုတ်။သူ ပြောနေပုံမှာ သူ့ကိုယ်သူ အတော်ချောသည်ဟု ထင်နေပုံပင်။သူက ရှောင်ရှောင် ၏ အစ်ကိုဖြစ်သူ ရှောင်ချမ် ပင်။ ရှောင်မိသားစု၏ တတိယမြောက်သခင်လေးဖြစ်၏။သူသည် နေရာတိုင်းတွင် မိန်းကလေးများနှင့် ရှုပ်ပွေရန် သူ၏ ရုပ်ရည်ကလေးနှင့် မိသားစုနောက်ခံကောင်းကို အသုံးပြုလေ့ရှိသည်။ အပျိုများကို လိုက်လျှင် တော်သေးသော်လည်း အိမ်ထောင်သည်မိန်းမများကိုပါ သတ္တိရှိရှိ လိုက်ရဲသူပင်။ထို့ကြောင့် ဤအသိုင်းအဝိုင်းထဲမှာ သူ့ကို ပလေးဘွိုင်းဟု ခေါ်ကြပြီး လူအများက သူ့ကို မုန်းတီးကြသည်။

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now