Chapter 109 sister in law
Chapter 109December 14, 2023
(အဝေးသို့ မောင်းထုတ်သည်.)" အစ်မစုမုန့် နင်နဲ့ရှိနေတဲ့လူက နင့်အပေါ်အရမ်းကောင်းတာပဲ...နင်ဒုက္ခရောက်နေတုန်းက သူလက်နဲ့ နင့်ကိုကာကွယ်ခဲ့တယ်လို့ ငါကြားတယ်...ဒါကြောင့် နင့်ရဲ့ဒဏ်ရာတွေက အရမ်းမပြင်းထန်တာ...ဒါပေမယ့် သူ့အကြောင်းပြောဖို့ နည်းနည်းတော့ခက်တယ်...သူက အထူးကြပ်မတ်ကုသဆောင်မှာ ရှိနေတုန်းပဲ..."
ဝေ့ရွှယ်က သူမမလာခင်အခြေအနေအကြောင်းကို မေးမြန်းထားသည်။စုမုန့်က ထိုလူနှင့်အလွန်ရင်းနှီးသည်ကို သူမသိသည်။သူတို့နှစ်ယောက်လုံး ရှေးဟောင်းဆိုင်တွင်နေသည်။ဝေ့ထင်စိတ်ထဲ မထားဖို့ဆိုတာ မဖြစ်နိုင်ပေ။သို့သော် ဝေ့ထင်၏စရိုက်လက္ခဏာအရ ထိုကိစ္စကို ဖွင့်ဟမပြောမှာ သေချာသည်။ထို့ကြောင့် သူမလာ၍ ကူညီခြင်းဖြစ်သည်။
အစက သူမထိုကိစ္စကို ပြောရန် မရည်ရွယ်ခဲ့ပေ။စုမုန့်နှင့် ထိုလူအကြောင်းကို အမေဝေ့ကိုသာတိတ်တဆိတ်ပြောချင်သည်။မည်သို့ပင်ဆိုစေကာမူ အဖေဝေ့နှင် အမေဝေ့သည် ဝေ့ထင်အတွက် ကွာရှင်းပြတ်စဲရန်နည်းလမ်းများကို ကိုင်တွယ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။သူမက မီးထဲကို လောင်စာအနည်းငယ်ပဲ ထပ်ထည့်လျှင်ပင် အမေဝေ့သည် စုမုန့်ကို လုံး၀စိတ်ခုသွားလိမ့်မည်။ပြီးနောက် ကွာရှင်းပြတ်စဲခြင်းကို ပြောင်းလဲလိမ့်မည် မဟုတ်တော့ပေ။
ထိုအချိန်တွင် စုမုန့်သည် ဝေ့ထင်ကို ကွာရှင်းရန် အဆင်သင့်စွာ သဘောတူခဲ့သည်။ယခုတွင် စုမုန့်အမှန်တကယ် မကွာရှင်းချင်တော့လိမ့်မည်ဟု သူမမမျှော်လင့်ခဲ့ပေ။ပြီးေနာက် ဝေ့ထင်နှင့်ပင်ပိုရင်းနှီနေသည်။ကွာရှင်းမှုတွင် မမျှော်လင့်ထားသောပြောင်းလဲမှုများကို ကာကွယ်ရန် သူမတစ်ခုခုလုပ်ရေပတော့မည်။
" မစ္စဝေ့ ကျေးဇူးပြုပြီး မင်းဘာတေပြောနေလဲဆိုတာ ဂရုစိုက်ပေးပါ...ကောင်းပြီ မစ္စတာဝေ့ မိန်းကလေးမုန့် အနားယူဖို့လိုတယ်...မင်းတို့ အရင် သွားသင့်ပြီ..."
ဝေ့ရွှယ်သည် ရှန့်ကျန်းကိစ္စကို အသုံးချပြီး စုမုန့်ကို ရန်စတော့မည်ကို ကောရှန်းသိသည်။သူ ယဥ်ကျေးနေရန် မကြိုးစားတော့ပဲ သူတို့ကို အဝေးသို့ တိုက်ရိုက်မောင်းထုတ်လိုက်သည်။
YOU ARE READING
ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်
Historical FictionAfter being reborn I tortured the vicious sister in law