Chapter 131 sister in law
Chapter 131December 21, 2023
(သူမက ဖုန်းရွှေပညာရှင်ဖြစ်ခဲ့တာ)စုမုန့်မှာ လူအများ၏ လှောင်ပြောင်ခြင်းကို ခံရသည်ကို အဘိုးဝေ့ မြင်သောအခါ၊စောစောက စိတ်ကောင်းကလေးမှာ အနည်းငယ် ဒေါသထွက်လာသည်။ပထမတော့ ရှောင်ရှောင် သည် စုမုန့် အတွက် အခက်အခဲတွေဖြစ်အောင် ကြိုးစားနေပြီး ခဏကြာလျှင် ပြီးသွားလိမ့်မည်ဟု ထင်ခဲ့တာကြောင့် သူ တိတ်တိတ်လေး နေခဲ့ခြင်းသာ။ ထိုကလေးမက အရိပ်အကဲမသိတတ်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သူမကြောင့် ဧည့်ခံပွဲက မည်မျှကြာအောင် နှောင့်နှေးခဲ့ရသည်ကို မသိဘဲ၊ဆက်မေးနေသေးသည်။
ရှောင်မိသားစုသည် ဝေ့မိသားစုနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို မလိုလားပုံရသည်။
စုမုန့်သည် အဘိုးဝေ့၏ အတွေးများကို မြင်ပြီး အမြန်နှစ်သိမ့်လိုက်သည်။
“အဘိုး၊ စိတ်မပူပါနဲ့၊ ကျွန်မ ကိုယ်တိုင် ထိန်းနိုင်ပါတယ်…ကျွန်မကိုယုံပါ… လာ၊ ကံဆိုးမှုက ဝေးသွားအောင် လက်ဖက်ရည်ပူပူတစ်ခွက်သောက်လိုက်"
စုမုန့် ပေးသော လက်ဖက်ရည်ခွက်ကို အဘိုးဝေ့ ယူပြီး ခေါင်းညိတ်သည်။
“သမီး အတင်းသတ္တိရှိဖို့ ကြိုးစားစရာ မလိုဘူး...သမီး လုပ်ချင်တာကို လုပ်ပါ...အဘိုးက သမီး ကောင်းကင်ကို ဆန့်ကျင်ရင်တောင် သမီးကို အားပေးမှာပါ”
စုမုန့် ပြုံးပြီး ခေါင်းညိတ်သည်။ “ကောင်းပါပြီ”
ထိုစကားကိုပြောပြီးနောက် သူမထရပ်ပြီး ရှောင်ရှောင်ဆီသို့ လျှောက်သွားလိုက်သည်။
ရှောင်ရှောင် သည် စုမုန့်ရောက်ရှိလာသောအခါ သူမအား တစ်ခုခုလုပ်ချင်သည်ဟု ထင်လိုက်သည်။သူမ ဦးနှောက်က ချက်ချင်း နိုးကြားလာပြီး လက်တုံ့ပြန်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။ ထို့အတူပင်၊အားလုံးကလည်း စုမုန့် စိတ်တိုလာပြီး ရန်ဖြစ်ချင်နေသည်ဟု ထင်ကြသောကြောင့် အားလုံးအသက်ရှုကြပ်ကာ ကြည့်ကြသည်။
ဤနေရာ၌ စိတ်အလှုပ်ရှားဆုံးလူမှာ ဝေ့ရွှယ် ဖြစ်သည်။သူမ စိတ်ထဲမှ 'ရန်ဖြစ်လိုက်ကြ၊ရန်ဖြစ်လိုက်' ဟု အော်ဟစ်နေခဲ့သည်။ စုမုန့် ဒေါသထွက်ပြီး ရူးသွပ်နေသရွေ့ သူမ၏ အစီအစဉ် မအောင်မြင်လျှင်တောင် သူမ ပျော်ရွှင်နေမှာပင်။
YOU ARE READING
ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်
Historical FictionAfter being reborn I tortured the vicious sister in law