Chapter 120 Sister in law
Chapter 120December 18, 2023
(အမှိုက်ပုံးထဲ နှိုက်နေသည်ကို မိသွားခဲ့ပြီ)ဝေ့ရွှယ် က ကြိမ်ဖန်များစွာ ခေါင်းညိတ်ကာ "အင်း"ဟု ပြောပြီးနောက် အခန်းထဲမှ အမြန်ထွက်လာခဲ့သည်။ လူနာဆောင် ကော်ရစ်ဒါတွင်း ရောက်သွားသည်နှင့် သူမ ချက်ချင်း ဆရာဝန်ဆီ မသွားဖြစ်ပေ။ထိုအစား ထိတ်လန့်သောမျက်နှာအမူအရာဖြင့် အခန်းတံခါးဝရှိ အမှိုက်ပုံးကို ကြည့်လိုက်သည်။
သူမကိုယ်သူမ ဒုက္ခပေးနေသူမှန်း သိသည်။ ဝေ့ထင် သည် ဝတ်မှုန်နှင့် ရောထားသည့်ရေကို သောက်ပြီးနောက် ဓါတ်မတည့်မှု တစ်ခုခု ဖြစ်ခဲ့တာဖြစ်နိုင်သည်။ သူမအနေနှင့် စုမုန့် အား ထိခိုက်စေလိုခြင်းဖြစ်သော်လည်း ဝေ့ထင်ကို နာကျင်စေလိမ့်မည်ဟု မမျှော်လင့်ထားပေ။
ဝေ့ထင်သည် သူ ဓာတ််မတည့်မှု ဖြစ်ရသည့် အကြောင်းရင်းကို သိလိုက်သည်နှင့် သေချာစွာ စုံစမ်းပြီး ဖော်ထုတ်သွားမည်ဖြစ်သည်။
ဝေ့ရွှယ် နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်ပြီး အမှိုက်ပုံးကို စက္ကန့်အနည်းငယ်ကြာ ကြည့်လိုက်သည်။ထို့နောက် သက်သေအထောက်အထားတွေကို အရင်ရှင်းဖို့ ဆုံးဖြတ်လိုက်သည်။အထဲက ပန်းတွေကို သူမ သိမ်းထားသရွေ့ ဘာမှ စိတ်ပူစရာ မလိုနိုင်ပေ။ နောက်ဆုံးတွင် လက်ကို အမှိုက်ပုံးထဲသို့ အရောက်နှိုက်ရန် စိတ်ပိုင်းဖြတ်လိုက်သည်။သို့သော် သူမလက်ကို အမှိုက်ပုံးထဲသို့ ထည့်လိုက်ချိန်မှာ စုမုန့် အခန်းထဲက ထွက်လာရသည်။
သူမ စုမုန့်ကို အလန့်တကြားကြည့်လိုက်ချိန်တွင် သူမ လက်သည် အမှိုက်ပုံးထဲတွင် ရှိနေသေးသည်။ လက်ကို ထုတ်လိုက်လျှင်၊မကောင်းသလို၊ မထုတ်လျှင်လည်း အဆင်မပြေပေ။သူ မ နေရာတွင် အံ့သြစွာရပ်နေပြီး စုမုန့်ကို ကြည့်လိုက်သည်။
စုမုန့် အခန်းထဲမှထွက်လာပြီး အမှိုက်ပုံးထဲလက်နှိုက်နေသည့် ဝေ့ရွှယ် ကိုတွေ့လျှင်၊ခဏလောက် ထိတ်လန့်သွားပြီး
"ရှောင်ရွှယ်… နင့်အစ်ကိုက ရောဂါဝေဒနာ ခံစားနေရတယ်လေ...နင်က သူ့အတွက် ဆရာဝန် ဘာလို့ သွားမရှာတာလဲ…ပြီးတော့ နင် ဘာလို့ အမှိုက်ပုံးကို နှိုက်နေတာလဲ...ဆေးရုံက အမှိုက်ပုံးတွေမှာ ဆေးပစ္စည်းအမှိုက်တွေနဲ့ ပြည့်နေတာ... ကူးစက်ရောဂါရှိတဲ့သူတစ်ယောက်က အဲဒီထဲကို တစ်ခုခု ပစ်ပေါက်သွားရင် ဘယ်သူသိမှာလဲ...နင် ကူးစက်ခံရမှာကို မကြောက်ဘူးလား"
YOU ARE READING
ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်
Historical FictionAfter being reborn I tortured the vicious sister in law