chapter 116

414 33 0
                                    

Chapter 116 sister in law
Chapter 116December 15, 2023
(ဓာတ်မတည့်မှု)

"မင်းရဲ့ညီမ ရောက်နေတယ်"

ကျိုးဖုန်းက ဝေ့ထင်ကို သတိပေးသည်။

သူမကို ကျိုးဖုန်းက လျစ်လျူရှုခဲ့၍ မကျေနပ်သော်လည်း ဝေ့ရွှယ် အပေါ်ယံကတော့ ပြုံးထားဆဲပင်။သူမ လူနာခန်းဆီသို့ လျှောက်လာပြီး ကျိုးဖုန်းကို ယဉ်ကျေးစွာ နှုတ်ဆက်သည်။ 

"သခင်လေးကျိုး ဒီမှာရှိနေမယ်လို့ ညီမ မမျှော်လင့်ထားဘူး"

ကျိုးဖုန်း သူမကို အဓိပ္ပါယ်ရှိစွာ ကြည့်လိုက်သည်။ 

"မင်းမမျှော်လင့်ထားတဲ့အရာတွေ အများကြီးရှိနိုင်တယ်လေ"

ရုတ်တရက် အပြောခံရသောအခါ ဝေ့ရွှယ်၏ မျက်နှာကတင်းမာသွားသော်လည်း ချက်ချင်းပင် ပြန်ပြုံးသည်။ ကျိုးဖုန်း ဟာ အမြဲ အေးစက်တတ်မှန်း သူမ သိသည်။သူ့ညီမ ကျိုးကျာ အပေါ်မှာသာ နူးညံ့သိမ်မွေ့တတ်ပြီး တခြားလူတိုင်းကို အေးစက်သည်။ထို့ကြောင့် သူမ ကျိုးကျာ နာမည်ကို သုံးဖို့ ကြိုးစားလိုက်သည်။သူမ ကျိုးဖုန်းဝတ်ထားသည့် ဆေးရုံဝတ်စုံကို ကြည့်ရင်း အံ့သြတကြီးနှင့်

"သခင်လေးကျိုးလည်း ဆေးရုံတက်နေတာလား...ကျိုးကျာလည်း လာသလား...ညီမ သူမကိုမတွေ့တာကြာပြီ"

သူမသည် သခင်လေးကျိုးနှင့် နည်းန ည်းရင်းနှီးခဲ့သည်။အကြောင်းမှာ ကျိုးမိသားစုထံ အလည်အပတ်သွားသောအခါ ကျိုးဖုန်းကို အချိန်တိုင်းလိုလို တွေ့ခဲ့ရသည်။ ကျိုးဖုန်းသည် သူ့ညီမကို အနီးကပ် စောင့်ကြည့်နေတတ်ပြီး သူမနှင့် နှစ်ယောက်တည်း ဆော့ကစားရန် ဘယ်သောအခါမှ အပြင်ထွက်ခွင့် မပြုခဲ့ပေ။ထို့ကြောင့် သူမသည် ကျိုးမိသားစုအိမ်မှာသာ သွားကစားရသောကြောင့် ကျိုးဖုန်း နှင့် အကြိမ်အနည်းငယ် စကားပြောခဲ့ဖူးသည်။

ယခင်က ကျိုးဖုန်းနှင့် စကားပြောကြည့်သောအခါ၊ သူသည် အေးစက်သော်လည်း၊ သူက စကားကို ယဉ်ကျေးစွာ ပြောဆိုတတ်၏။ထို့ကြောင့် သူမကိုယ်သူမ ကျိုးဖုန်း၏ သူငယ်ချင်းအဖြစ် မှတ်ယူထားသဖြင့် နောက်ထပ် စကားနည်းနည်းပြောချင်မိသည်။သို့ရာတွင်၊ကျိုးဖုန်း ပြန်ဖြေသည့်အဖြေက သူမကို ဆွံ့အ,သွားစေ၏။

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now