chapter 119

407 40 0
                                    

Chapter 119 sister in law
Chapter 119December 18, 2023
( ရှန့်ကျန်း၏ပါးစပ်)

ရှန့်ကျန်းသည် ဝေ့ထင်ကိုမြင်သောအခါ အရိပ်အခြည်မသိဘဲ ရှေ့သို့ လျှောက်သွားကာ

“ယောက်ဖက ကျွန်တော့်ဆရာမကို သိပ်ဂရုစိုက်တာပဲ…သူမကိုတွေ့ဖို့ အစောကြီးရောက်လာတာဆို‌တော့ မဆိုးပါဘူး...ဘာမှားလဲဆိုတော့ ဘာလို့  အပြင်လူကို ခေါ်လာတာလဲ...သူက ခင်ဗျားရဲ့ ညီမအရင်းဆိုရင်တောင်မှ ကြားလူအဝင်မခံသင့်ဘူး မဟုတ်လား"

ကျိုးဖုန်း သည် ရှန့်ကျန်း စကားကိုကြားပြီးနောက်၊ သူ့နှုတ်ခမ်းထောင့်များက ကွေးသွားသလို၊ ဝေ့ထင် ၏ မူလတည်ငြိမ်သောမျက်နှာမှာ ပို၍ပင် မှုန်မှိုင်းလာသည်။

ကျိုးဖုန်းက စုမုန့်ကို ပြော၏။

"သူက မင်းကို ကာကွယ်ဖို့ ICU ထဲကို ပြောင်းလာတဲ့ ရှန့်ကျန်း မဟုတ်လား"

ကျိုးဖုန်း စကားကိုကြားပြီးနောက် ရှန့်ကျန်း ရှက်သွားသည်။သူ့ခေါင်းကို ပွတ်ဖို့ လက်မြှောက်လိုက်သော်လည်း လမ်းတစ်ဝက်မှာတင် လက်က တန့်နေ၏။

“အဲ့လောက်ကြီးတော့ မဟုတ်ဘူး...သူမက ကျွန်တော့်ရဲ့ ဆရာမဆိုလည်း ဟုတ်တယ် ဘော့စ်ဆိုလည်း ဟုတ်တယ်လေ... သူမကို ကာကွယ်ဖို့က ကျွန်တော့်အလုပ်ပါ..ကျွန်တော်တို့က မိသားစုတွေပါ”

'မိသားစု' ဟု ပြောပြီးသည်နှင့် ဝေ့ထင်၏ မျက်လုံးတွေကို ကြည့်လိုက်ရာ  ရှန့်ကျန်း အလွန်တုန်လှုပ်သွားသည်။

သို့သော်လည်း၊သူ၏ ကျန်းမာရေးအခြေအနေနှင့် စုမုန့်လည်း သူ့ဘေးမှာ ရှိနေ၍ ဝေ့ထင် သူ့ကို ဘာမှမလုပ်နိုင်ပေ။ထို့ကြောင့် သူ အားတင်းပြီး

"ယောက်ဖက အတိတ်မှာကျန်ခဲ့ပြီလေ...စုမုန့်က မကြာခင် ခင်ဗျားနဲ့ ဘာမှမဆိုင်တော့ဘူးလေ...အခုချိန်ကစပြီး ကျွန်တော်က သူမရဲ့ မိသားစုဖြစ်လာတော့မယ်"

ဝေ့ထင်၏ အကြည့်များသည် ပို၍အေးစက်လာပြီး အထက်လူကြီးတစ်ယောက်လိုမျိုး ဖြစ်လာ၏။

စကားအဆုံးတွင် ရှန့်ကျန်း ထိတ်လန့်သွားကာ စုမုန့် နောက်မှာ အမြန်ပုန်းပြီး

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now