chapter 126

233 33 0
                                    

Chapter 126 sister in law
Chapter 126December 21, 2023
(အဘိုးထံ အပ်နှံထားသည်)

ဝေ့ရွှယ် စကားတွေက လှသည်။ သူမသည် အမေဝေ့ အမှားကိုထောက်ပြရုံသာမက စုမုန့်ကိုလည်း နှိမ့်ချခဲ့သည်။တစ်ချိန်တည်းမှာပင် သူမကိုယ်ကို ဂုဏ်မြှင့်တင်၍ ပြောဆိုသည်။တစ်ကယ့်ကို စကားပြောကောင်းသူတစ်ယောက်ပင်။  ယခုတော့ စုမုန့် ဘာပဲပြောပြော၊သူမက အကြောင်းပြချက်မရှိဘဲ ပြဿနာရှာနေသည့်အလားပင်။

သို့သော် စုမုန့် လုံးဝမထိတ်လန့်သွားပေ။သူမ၏ စူးရှပြင်းထန်သော မျက်လုံးများကို ဖုံးကွယ်ရန် ခေါင်းကိုအနည်းငယ် ငုံ့ထားရင်း

“ဒီကိစ္စရဲ့ နောက်ဆုံးအမှားက ကျွန်မ ဖြစ်မယ်ဆိုတာ သိပါတယ်...ဒါကြောင့် အဲဒီနေ့က ဖုန်းrecordကို မဖျက်ခဲ့ပါဘူး...အဘိုး၊ လူတိုင်းနားထောင်ရဖို့ ဖွင့်ပြရင် ဘယ်လိုလဲ"

စုမုန့်က ဖုန်းဖြင့် record လုပ်ထားသည်ကိုကြားသော်၊ ဝေ့ရွှယ် နှင့် အမေဝေ့ နှစ်ယောက်လုံး ထိတ်လန့်သွားကြသည်။

အမေဝေ့က ချက်ချင်း စကားဝိုင်းကို ရပ်လိုက်သည်။

“ငါတို့အားလုံးက မိသားစုတွေပါ..နင် ဘာတွေပြောနေတာလဲ...ဒီကိစ္စက ငါ့အမှားဆိုတာ အမှန်ပဲ...  အဲဒီအချိန်မှာ ဒေါသတွေထွက်နေလို့ ငါ နည်းနည်းလွန်သလိုဖြစ်မိတာပါ...အဲဒီတုန်းက နင့်ကို ငါကသာ မှန်မှန်ကန်ကန် ပြောခဲ့မယ် ဆိုရင် နောင်မှာ ဒီလောက် ဒုက္ခများစရာတွေ ရှိလာမှာ မဟုတ်ဘူး…စုမုန့် ...နင် ဆက်ပြီး ဒီကိစ္စကို ဆက်ပြောချင်မနေနဲ့တော့"

ထိုစကားကိုပြောပြီးနောက် သူမသည် ဝေ့ရွှယ်ကို တစ်ချက်ကြည့်လိုက်သည်။  ဝေ့ရွှယ်ကလည်း ချက်ချင်းနားလည်သဘောပေါက်ပြီး

“ဟုတ်ပါတယ်…စုမုန့်…ငါတို့က မိသားစုပါ…ဒီကိစ္စက နားလည်မှုလွဲတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက်မေ့ထားပစ်လိုက်တာ ကောင်းပါတယ်…စိတ်ထဲထားမနေပါနဲ့"

ဒီကိစ္စကို ဘယ်သူကရော အမြဲ ပြောနေမှာလဲ...  စုမုန့် စိတ်ထဲမှာ တွေးလိုက်မိသည်။သို့သော်လည်း အပြင်မှာတော့ အမေဝေ့၏ စကားကို ရက်ရက်ရောရော သဘောတူလိုက်သည်။

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now