Chapter 130 sister in law
Chapter 130December 21, 2023
(ဝေ့မိသားစုဝင်နှင့် လက်ထပ်ချင်တယ်)သောက်ပြီးနောက် သူမ ခွက်ကိုချလိုက်သည်။
“ငါ့မိဘတွေ ဆုံးသွားတာကြာပြီ...အိမ်မှာ ငါ့ဆရာပဲရှိတယ်...ဆရာနဲ့ငါက အမြဲတမ်း တစ်ယောက်ကိုတစ်ယောက် ကူညီရိုင်းပင်းကြတယ်... အိုး... အခု အိမ်မှာ နောက်ထပ် အစ်ကိုလို ခင်ရသူတစ်ယောက် ရှိနေပြီဆိုတော့ ငါတို့ သုံးယောက် နေကြတာပေါ့”
စုမုန့်သည် သူမ၏ မိသားစု နောက်ခံအကြောင်း ပြောသောအခါ၊ ရှန့်ကျန်းကိုပါ ထည့်ပြောခဲ့သည်။ ရှန့်ကျန်း သာ ကြားလိုက်ရလျှင် သူဝမ်းသာပြီး မျက်ရည်တောင်ကျမိမှာသေချ၏။
သူမ စကားမဆက်ခင် ခဏလောက် ခေတ္တရပ်လိုက်ပြီး
"ငါ့မိသားစုကိစ္စကတော ငါ့ရဲ့ အတွင်းရေးပဲ... မစ္စရှောင်က တခြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာကို သိပ်စိတ်မဝင်စားဘူးမဟုတ်လား”
စုမုန့် ကိုကြည့်သော ရှောင်ရှောင်၏အကြည့်သည် ရန်လိုလွန်းသည်။စုမုန့်လည်း သူမကို သက်သက်ရန်လာစခြင်းဖြစ်ကြောင်း ချက်ချင်း ရိပ်မိခဲ့သည်။ရှောင်ရှောင် ဆိုသူသည် ဝေ့ထင်ကို သေချာပေါက် သဘောကျပြီး သူမကို မုန်းတီးနေမှန်း အထင်းသားမြင်ရသည်။
အဖေရှောင် ဖုန်းပြောသွားကတည်းက အမေရှောင်က ရှောင်ရှောင်ကို အာရုံစိုက်ခဲ့သည်။ရှောင်ရှောင်၏စကားများသည် ပို၍ပို၍ ဆိုးဝါးလာသည်ကို မြင်လိုက်ရသည်နှင့် သူမ အဖေရှောင်ကို တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ သူ့မယားငယ်အတွက် သမီးဖြစ်သူနှင့်၊ ရှောင်မိသားစုကိုတောင် လက်လွှတ်တော့မည့်ပုံပင်။
ယခု အမေရှောင် အနည်းငယ် မငြိမ်မသက် ဖြစ်နေရသည်။ခဏလောက် နားထောင်ပြီးနောက် ပို၍စိတ်ပူသွားတာကြောင့် ရှောင်ရှောင်ကို တားဖို့တွေးလိုက်သည်။သို့သော်၊သူမ မရပ်ရသေးခင် လူတစ်ယောက်က သူမကို စကားပြောဖို့ လာခဲ့သည်။ထိုလူက သူမကို လက်မထောင်ပြပြီး
“ ရှောင်မိသားစုက အဖေနဲ့တူတဲ့ သမီးမျိုး ရထားတာပဲ...မစ္စရှောင်က တစ်ကယ်ကို အံ့သြစရာကောင်းတယ်...အဘိုးဝေ့ကိုတောင် ဆန့်ကျင်ဝံ့တယ်...မင်းလို အမေမျိုးကိုလည်း အရမ်း လေးစားတယ်ဗျာ"
YOU ARE READING
ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်
Historical FictionAfter being reborn I tortured the vicious sister in law