Chapter 105 sister in law
Chapter 105December 12, 2023
(သင်္ချိုင်းသို့ တဖန်သွားခြင်း)ဝမ်လဲ့က ညစဥ်ညတိုင်း အမျိုးသမီးရုပ်အလောင်းကို အိပ်မက်မက်နေသောကြောင့် ကောင်းကောင်းမအိပ်နိုင်ပေ။သူ့ဉာဏ်ရည်သည် အားနည်းပြီးရင်းအားနည်းလာသည်။
ဒါတင်မကသေး သူပြန်လာကတည်းက အလွန်ကံမကောင်းဖြစ်လာသည်။မီးဆိုင်းကြီး သူ့ပေါ်ပြုတ်ကျရုံသာမက လမ်းလျှောက်နေစဥ် ရုတ်တရက် ချောလဲသည်။ထို့ကြောင့် ပိုပြီးအားနည်းလာသည်ဟု ခံစားရလာရသည်။
သင်္ချိုင်းတူးဖော်တဲ့ အလုပ်မှာကတည်းက သူ ထိုအကြောင်းကို သိသည်။ ဟိုးအရင်ကတည်းကစကားပုံတွေက အဓိပ္ပါယ်မရှိဘူးဟု သူတွေးပေမဲ့ ဒုက္ခမရောက်စေဖို့အတွက် သူတတ်နိုင်သလောက်လိုက်နာခဲ့သည်။ယခုဖြစ်ရပ်က အတော်ထူးဆန်းသည်။သူ့ကိုယ်သူ ဒုက္ခတွင်းထဲကို ခေါ်လိုက်မိပြီဆိုတာ သူသိသည်။
ထို့ကြောင့် သူ့ကိုကူညီရန် ဖုန်းရွှေပညာရှင်အချို့ကို ရှာခဲ့သည်။သို့သော် ထိုဖုန်းရွှေပညာရှင်တွေက ကျော်ကြားပေမဲ့ အစွမ်းမထက်ပဲနေလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ေပ။ဘယ်သူကမှ သူ့ကိုမကူညီနိုင်ခဲ့ပေ။
စုမုန့်ရဲ့သတင်းကို မမျှောလင့်ပဲ လက်ခံရရှိခဲ့သည်မှာ ရက်အနည်းငယ်သာရှိသေးသည်။ထို့ကြောင့် သူမကို ဆက်သွယ်ဖို့ ဆုံးဖြတ်ခဲ့သည်။
ဝမ်လဲ့ပြောပြတာကို နားထောင်ပြီးနောက် စုမုန့်က ကိစ္စအကြောင်းစုံကို ချက်ချင်းနားလည်သွားသည်။ထိုပြသနာက တကယ်ကို ဖြေရှင်းရန်ခက်ခဲလှသည်။ထိုအရာက အနည်းငယ်စိတ်အနှောင့်ယှက်ဖြစ်စေသည်။သူမ နှလုံးသားထဲတွင် အဖြေတစ်ခုကို အမြန်တွေးလိုက်မိသည်။
သို့သော် ဝမ်လဲ့ကို ဘာလုပ်ရမည်ဆိုတာကို ချက်ချင်းမပြောပေ။ထိုအစား သူမက သူ့ကိုမေးလိုက်သည်။
" ရှင် အစတုန်းက ကျွန်မကိုမသိဘူးလို့ ရှင်ပြောခဲ့တယ်...ပြီးတော့ နောက်ပိုင်းမှာ ကျွန်မအကြောင်းက်ို ရှင်ဘယ်လိုရှာခဲ့လဲ..."
ဝမ်လဲ့က စုမုန့်ထိုမေးခွန်းကို မေးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။သူ အချိန်ခဏကြာ ငြိမ်သက်သွားသည်။ထို့နောက် အထစ်ထစ်အငေါ့ငေါ့နှင့် ရှင်းပြသည်။
YOU ARE READING
ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်
Historical FictionAfter being reborn I tortured the vicious sister in law