အပိုင်း (၁) မြို့စားကတော်အဖြစ်ကမ်းလှမ်းချက်

18.4K 164 11
                                    

ခွမ်း. . (ကြွေပန်းအိုးကျကွဲသံ)

ဝုန်း. . (အရာဝတ္တုများပြုတ်ကျသံ)

ဧည့်ခန်းထဲမှ ဆူညံသံများနှင့်အတူ အခန်းထောင့်စားပွဲလေးပေါ်မှ ကြွေပန်းအိုးလည်း ကျကွဲသွားဟန်တူသည်။ လက်ထဲမှလက်သုတ်ပုဝါနှင့် နောက်လက်တစ်ဖက်မှာကိုင်ထားသော ဆေးပြီးသားပန်းကန်ကို ဘေစင်ဘေးတွင်ပြန်ချလိုက်ပြီး အိမ်ရှေ့ခန်းဆီသို့ အမရာလှမ်းကြည့်လိုက်သည်။

အမရာက အသက် ၂၆ နှစ်အရွယ်မိန်းကလေးတစ်ယောက်ပါ။ တန်ဖိုးကြီးအဝတ်အစားတွေ မဝတ်ရပေမယ့် အမြဲတမ်းသပ်သပ်ရပ်ရပ်နှင့် သန့်သန့်ပြန့်ပြန့်နေတတ်သောကြောင့် ဘယ်အချိန်ကြည့်ကြည့် ကျက်သရေရှိတဲ့မိန်းကလေးမျိုး။

အလှအပကလည်း အရမ်းကြီးပြင်ဆင်ချယ်သထားခြင်းမရှိပါဘူး၊ အမြဲအလုပ်ရှုပ်နေတာကြောင့် ဆံပင်လေးကို မျက်နှာမှာရှင်းပြောင်နေအောင် ponytailလေး ပင့်စီးထားပါတယ်၊ ဒါပေမယ့်ပုခုံးသားဖြူဖြူလေးပေါ်မှာ ကဗျာဆန်ဆန်လေး ခွေကျနေတဲ့ ဆံသားညိုညိုလေးတွေနဲ့၊ သူမရဲ့ မျက်တောင်ရှည်ရှည်ကော့ကော့လေးတွေရယ်၊ နေရောင်အောက်မှာ အစိမ်းရောင်သန်းနေတဲ့ မျက်ဝန်းကြည်ကြည်လေးတွေက ဘာမှပြင်စရာမလိုတဲ့ သူမရဲ့အလှကိုပိုပြီး သိမ်မွေ့တည်ငြိမ်သွားစေတော့တာ။

ငယ်ငယ်ကဆို ဘုရားကျောင်းက သူငယ်ချင်းတွေက အမရာကို မယ်တော်မာရီရုပ်ထုနဲ့ တူလို့ဆိုပြီးတော့တောင် စကြနောက်ကြရလောက်အောင် အမရာရဲ့ရုပ်အသွင်ကလည်း ဘယ်အချိန်ကြည့်ကြည့် အနောက်တိုင်းဆန်ပါသည်။

ဘယ်လောက်လှလှပါလေ မိသားစုအရေးကိစ္စတွေကြောင့် အိမ်ထောင်ပြုဖို့မပြောနဲ့ ရည်းစားတောင်မထားနိုင်ခဲ့ပါဘူး။

"အမရာရေ. . အမရာ"

သိပ်မကြာပါဘူး. . . မိထွေးတော် ဒေါ်မြသွေး၏ ခပ်စူးစူးလှမ်းခေါ်လိုက်သောအသံကို ကြားလိုက်ရသည်။ 

သူ့အသံထဲတွင် စိတ်မရှည်မှုများ စိတ်ညစ်ညူးမှုများ တနင့်တပိုးပါဝင်နေပါသည်။ အမရာက သက်ပြင်းတစ်ချက်ဆောင့်ချလိုက်ပြီး အိမ်ရှေ့ကိုခပ်သုတ်သုတ်ထွက်လာခဲ့လိုက်သည်။

Beloved Amara (ချစ်သော အမရာ)حيث تعيش القصص. اكتشف الآن