အပေးအယူအမြဲလုပ်တတ်သော အဲလက်စ်ကိုမှ တရုတ်ဆိုင်က ထမင်းကြော်စားခိုင်းလိုက်သော အမရာအဖို့. .
ဗီလာဟိုတယ်လေးသို့ ပြန်ရောက်လာချိန်တွင် ပြန်ပေးဆပ်ရန်အလှည့်ကျလေပြီ။
အပြန်တွင် စားသောက်ဆိုင်မှ ဗီလာသို့လမ်းလျှောက်ပြန်လာကြသည်။ ကားလမ်းပေါ်မတက်ဘဲ ပင်လယ်မျက်နှာစာဘက်ခြမ်းမှ အိမ်ဖြူဖြူလေးများကြားရှိ လမ်းသွယ်လေးများမှ ဖြတ်၍ ပြန်လာခြင်းဖြစ်လေသည်။
ဗီလာထဲဝင်လိုက်သည်နှင့် အဲလက်စ်က တစ်စခန်းထလာတော့သည်။
"လာလာ. . .ငါတို့ ရေနွေးကန်စိမ်ရအောင်"
'အဲလက်စ်. . ကျွန်မ ပင်ပန်းနေပြီ။ နားလို့မရဘူးလား'
သူမမျက်နှာက အလွန်နွမ်းနယ်နေပြီ။
နေ့စဉ်ရက်ဆက် ပင်ပန်းလာတာတွေ၊ ခုနက အဆာလွန်သွားတာတွေကြောင့် လူကတော်တော်ကြီးကို down နေပြီ။ ဒီကြားထဲအပြန်မှာ လှေကားထစ်လေးတွေ တက်လိုက်ဆင်းလိုက်နဲ့ ပြန်ခဲ့ရသေးတာ။
"ဟာ. . .လာပါ လမ်းလျှောက်ထားတာ. . အခုရေနွေးစိမ်လိုက်ရင်အတော်ပဲ. . ကိုယ်တွေလက်တွေ ပေါ့ပါးသွားတာပေါ့. . "
အဲလက်စ်ရဲ့စကားတွေက အမြဲတမ်းယဉ်ယဉ်ကျေးကျေးနဲ့ ကမ်းလှမ်းနေသလိုပင်၊ ဒါပေမယ့် တကယ်တမ်းက ငြင်းဆန်တို့မရတဲ့အမိန့်တွေပါ။ ဤသို့ဖြင့် အမရာလည်း ရေကူးဝတ်စုံလေးကိုလဲကာ ရေနွေးစိမ်ကန်ထဲသို့ လိုက်ဆင်းရပါလေတော့သည်။
ရေဆိုတာ. . အရောင်မရှိ အနံ့မရှိ။ ကြည့်လိုက်ရင် ဘာမှကြီးကြီးမားမား အန္တရာယ် မပေးနိုင်သည့်အရာမျိုး. .
သို့သော် အမရာ့အဖို့ ရေကန်ထဲဆင်းရမှာကို တွန့်ဆုတ်နေမိသည်။ ရေနဲ့ပတ်သက်ရင် အမရာက ကံမကောင်းတတ်ဘူး မဟုတ်ပါလား။
ပြီးတော့အထဲက ရေသူထီးရန်ကလည်း ရှိသေးတယ်လေ. .
အဲလက်စ်က အမရာရေကန်ထဲဝင်လာသည်နှင့် လက်ကိုဆွဲပြီး သူ့ပေါင်ပေါ်မှာထိုင်ခိုင်းလိုက်ပါသည်။
ပြတင်းပေါက်မှ ပင်လယ်ရှုခင်းကိုကြည့်ရင်း မိန်းကလေးကို ပေါင်ပေါ်တင်ပြီး ရေနွေးစိမ်နေတာ. .
ВЫ ЧИТАЕТЕ
Beloved Amara (ချစ်သော အမရာ)
Любовные романыငါသိပ်မုန်းတဲ့မိန်းမတစ်ယောက်ကို အဲ့လောက်ထိငါချစ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားမိဘူး။ ငါ့နှလုံးသားက ငါ့ကိုသစ္စာဖောက်သွားခဲ့ပြီ အမရာ . ပြင်သစ်မင်းဆက်မှ ဆင်းသက်လာတဲ့သားတော်တစ်ဦးနှင့် မြန်မာပြည်မှ ဥရောပအနွယ်ဝင် မိန်းကလေးတစ်ဦးတို့ရဲ့ အမုန်းပြိုင်လ...
