အဲလက်စ်က အမရာ့ပါးလေးနှစ်ဖက်ကို လက်လေးတွေနဲ့ပင့်ပြီး. . သူမမျက်နှာကို တည့်တည့်ကြည့်ကာ နူတ်ခမ်းလေးတွေကို ခပ်ဖွဖွနမ်းလိုက်သည်။
"စတာပါ. . . မောင့်မိန်းမဖြစ်ရတာနဲ့တင် . . . မင်းဘယ်လောက် သနားစရာကောင်းသလဲဆိုတာ မောင်အသိဆုံးပါ. . အဟားဟားဟား . ."
အဲလက်စ်ရဲ့လှောင်ရယ်သံအဆုံးမှာ အမရာက သူ့ပါးကိုခပ်စပ်စပ်ကလေး ဖတ်ခနဲ တစ်ချက်ရိုက်ချလိုက်၏။
'p-ychopath (စောင်ရူးကောင်)'
အဲလက်စ်က သူ့ပါးသူပွတ်ကာ အမရာ့ကို သွားပေါ်အောင်ပြုံးပြလိုက်သည်။
"အဟားဟားဟားဟား. . ဟုတ်ပါ့နော်. .
မောင့်အဖေလည်း မောင့်ကိုစိတ်ဆိုးရင် ဘယ်လိုခေါ်တတ်လဲသိလား. . .
ခွေးရူးတဲ့. . .
ဟားဟားဟားဟား"
သူမပါးလေးကို မွှေးမွှေးပေးလိုက်ပြန်သည်။ အမရာတစ်ယောက် ဘာမှပြန်မပြောနိူင်ဘဲ နူတ်ခမ်းကိုကိုက်ကာ ဒေါသတွေထွက်ရင်း ကျန်ခဲ့လေတော့၏။
>>ဒါဆို ကျွန်မ ခွေးရူးကာကွယ်ဆေးထိုးဖို့ လိုနေတာပေါ့<<
ထိုစဉ် အပါးတော်မြဲ ကာပီညာရောက်လာပြီး
"အဟမ့် အဟမ်း. ."
ဘုရားကျောင်းအတွင်းဝင်ဖို့ အချက်ပေးလိုက်ပါသည်။
= = = = =
Sistine Chapel ဘုရားကျောင်းသည် Vatican City ခေါ် ကမ္ဘာအသေးငယ်ဆုံး နိူင်ငံကလေးမှ နာမည်ကျော်ဘုရားကျောင်းလေးတစ်ခုဖြစ်ပါသည်။ ၁၅ ရာစုတွင် စတင်တည်ခဲ့သော Pope Sixtus IV ကိုအစွဲပြု၍ ဆစ်စတင်းချက်ပယ်ဟု ခေါ်ဆိုခြင်းဖြစ်သည်။ ခရစ်ယာန်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ (Papal conclave) ပုပ်ရဟန်းမင်းကြီး ရွေးချယ်တင်မြှောက်ခြင်းကိုလည်း ဆစ်စတင်းချက်ပယ်လ်တွင် ကျင်းပလေ့ရှိသောကြောင့် ကမ္ဘာ့အမြင့်မြတ်ဆုံး ခရစ်ယာန်ဘုရားကျောင်းတော် တစ်ခုဖြစ်ပေသည်။
၁၅ရာစုကနာမည်ကျော်ပန်းချီဆရာ အများစု၏ ဂန္ဓဝင်လက်ရာများကို တစုတစည်းထဲတွေ့နိုင်သော သမိုင်းဝင်အမွေအနှစ် ဘုရားကျောင်းတော်တစ်ခုဟုလည်း ပြောနိူင်ပါသည်။ ကျောင်းတော်ရှိ နာမည်အကြီးဆုံးလက်ရာမှာ Michelangelo ၏ အနုစိတ်လက်ရာများဖြင့် ခြယ်သခဲ့သော ဘုရားကျောင်းမျက်နှာကျက်ကြီးဖြစ်လေသည်။
YOU ARE READING
Beloved Amara (ချစ်သော အမရာ)
Romanceငါသိပ်မုန်းတဲ့မိန်းမတစ်ယောက်ကို အဲ့လောက်ထိငါချစ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားမိဘူး။ ငါ့နှလုံးသားက ငါ့ကိုသစ္စာဖောက်သွားခဲ့ပြီ အမရာ . ပြင်သစ်မင်းဆက်မှ ဆင်းသက်လာတဲ့သားတော်တစ်ဦးနှင့် မြန်မာပြည်မှ ဥရောပအနွယ်ဝင် မိန်းကလေးတစ်ဦးတို့ရဲ့ အမုန်းပြိုင်လ...
